📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဒေါင်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းပြလာတဲ့ မဖြူ

ဖြူဖြူ့အနေနဲ့ ပရိသတ် စိတ်အနှောက်အယှက် ဖြစ်မစိုးလို့ ဒီကိစ္စကို post တင်ပြီး မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။

ဒါပေမယ့် တစ်ဖက်က မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်သိက္ခာထိခိုက်လာစေတဲ့ထိ ဆွဲယူပြောဆိုရေးသားလာလို့ ပြန်ရေးပါရစေရှင်။

ပရိသတ်တွေကိုလည်း အားနာပါတယ်။ သည်းခံပေးပါရှင်။ ကျေးဇူးပါ။

မောင်ဒေါင်းရေ…

မင်း ဘယ်လိုကောင်လဲကွာ…

အစ်မတို့ studio မှာသီချင်းတိုက်ရင်း တခြားစူပါစတား စော်ကြည်ဘဲတစ်ယောက်အကြာင်း အာလာပ သာလာပပြောရင်း ရောက်သွားတဲ့ စကားတွေကို ခုလို ပုံဖျက်ဖို့ရေးတာတော့ အတော်လေး သေးသိမ်ပါတယ်ကွယ်။

မင်း သီချင်းဆိုဖို့ကို technique အရရော၊ mood အရရော အတော်အခက်တွေ့နေလို့ relax ဖြစ်အောင် ‌ရောက်တတ်ရာရာ ပြောပေးနေရတာ။အချစ်သီချင်းဖြစ်လို့ ဆိုင်တဲ့ topic ပြောပေးနေရတာ။

ချစ်သူတစ်ယောက်ကို စိတ်ကူးယဉ် emotion ထည့်ဖို့ သင်ပေးနေခဲ့တာ။ အာ့လောက်ကြီး လိုရာဆွဲ စွပ်စွဲတာကြီးကတော့ ရုပ်ပေါက်လွန်းပါတယ်ကွယ်။

နောက်တစ်ခု…

မင်းအိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ email ကို အစ်မ ပြင်သစ်က မလာခင်တည်းက မင်းကိုယ်တိုင် လှမ်းပေးထားတာလေ။

မင်း key မဝင်ပဲ studio ဝင်မှာကို အစ်မ မကြိုက်လို့ ပေါ့ပေါ့ပါးပါး စနောက်ပြီး သတိပေးတာကို…မင်းစိတ်ဆိုးသွားလို့၊ ဖုန်းတွေ block သွားလို့၊ ပြေလည်ရာပြေလည်ကြောင်း လူကိုယ်တိုင် တလေးတစား လာညှိပေးတာလေ။ အဲ့တစ်ခါတည်းပဲလည်း မင်းအိမ်လာဖူးတာပါ။

အစ်မ အဆုံးထိ တာဝန်ကျေချင်လို့၊ လုပ်ဖော်ကိုင်ဖက်အပေါ် respect ပြပေးချင်လို့၊ ဒီ project မပျက်ချင်လို့ တမင်လာခဲ့တာပါ။

မင်းလိပ်စာက Google map ထဲတောင် မပေါ်လို့တဲ့…Grab သမား က မနည်းရှာရတာ။ ဘာ “တအိမ်တက်ဆင်း” ဆိုပြီး နာမည်ဖျက်တာလဲဟင်။

အစ်မကပဲ မင်းလိပ်စာ အတင်းခိုးပြီး တအိမ်တက်ဆင်းရှာသလို ပြောတာကြီးက ယောက်ျားမဆန်လိုက်တာကွာ။

ကိုယ့်ထက် အများကြီး အသက်ကြီးတဲ့ အစ်မတစ်ယောက်ကို နှမချင်းမစာမနာကွယ်။
မင်း မေ့တတ်တာတော့ အစ်မ သိပါတယ်။

အန်တီစုမွေးနေ့ကိုတောင် June လား July လား၊ ၁၈ ရက်လား ၁၉ ရက်လား လို့ ပြန်ပြန်မေးနေလို့…အစ်မမှာ ဘုရားတ အံ့ဩသွားခဲ့ရသေးတာ။

ခု ဒီလိပ်စာကိစ္စကတော့ တကယ်မေ့တာပဲလား၊ သက်သက် ပုံဖျက်တာပဲလား ဆိုတာကတော့… …

အစ်မက မင်းအနေနဲ့ ရိုးရိုးသားသား mental problem ကြောင့် မင်းပြောပြီးတာတွေ အကုန်မေ့တတ်တယ်ထင်လို့၊ မင်း အစ်မကို ခဏခဏတောင်းပန်နေရလို့၊ personality disorder တခုခုဖြစ်‌နေတယ်ထင်လို့ ချင်းမိုင်မှာ psychiatrist ပြပေးဖို့တောင် ပိုင်ဖြိုးသုကို လိပ်စာရှာပေးထားခဲ့တာ။ Substance တခုခုများ သုံးနေလားလို့တောင် စိတ်ပူနေခဲ့တာ။

အဲ့ဒါကို ခုလို မိန်းမသားတယောက်ကို သူ့ကိုပဲ တဖက်သတ် အတင်းလိုက်ကြိုက်နေသယောင် အောက်တန်းကျကျ ပုံဖော်လိုက်တာတော့ ရုပ်ပေါက်လွန်းလို့ပါ။

နောက်တခု…

ဒီ project ပျက်တဲ့အကြောင်း ဒီ project ကို ပံ့ပိုးပေးတဲ့သူတွေအားလုံး သိအောင် အကုန်ပြန်ပြောပြရပါတယ်။

ဒီ project အကြောင်း သိထားတဲ့ နငရ တလရ ထဲက အထင်ကရလူကြီးတွေကိုလည်း အသိပေးရပါတယ်။

တလရ soft power project အတွက် အတော်လေး အားစိုက်ထားတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်ပါ။

နောက်တခုက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကိုလည်း ဆရာဝန် မျက်စိအရကြည့်ရင် စိုးရိမ်လို့၊ လူကြီးတွေ အချိန်မီ တခုခု လုပ်ပေးနိုင်အောင်လို့ပါ။

အစ်မတို့ ၂ ယောက်ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေ မဟုတ်ကြပေမယ့်…တလရအနုပညာရှင်ရဲဘော်ရဲဘက်တွေဖြစ်လို့ စေတနာထားပေးတာပါ။

ဒါပေမယ့် professional မဆန်တာကိုတော့ အသံတိတ် ကြိတ်ပြီး သည်းခံမပေးနိုင်ပါဘူး။

ကဲ…ပရိသတ်ပြည်သူ အနှောက်အယှက်မဖြစ်စေချင်လို့ ခု ဒီလောက်ပဲ ပြောပါရစေတော့။

အသေးစိတ်ကိုတော့ ပုံပါ screenshot တွေမှာ ဖတ်ကြည့်နိုင်ပါတယ်နော်။

ဆက်လက် အောင်မြင်ပါစေ၊ ကျန်းမာပါစေ၊ အမျိုးကောင်းသားပီသပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် မောင်ဒေါင်းရေ… …

Phyu Phyu Kyaw Thein

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်