လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ဖနတ်နိခွန်တွင် ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ် လုပ်နေသော မြန်မာအလုပ်သမား(PJ)စာအုပ်ကိုင်ဆောင်ထားသူ မောင်လှိုင်မြင့်အသက်(29)နှစ်သည် ထိုအလုပ်တွင်အလုပ်လုပ်နေသည်မှာ (2)နှစ်သက်တမ်းကြာပြီဟုဆိုသည်။

မောင်လှိုင်မြင့်သည် (06.06.2026)ရက်နေ့၊ မွန်းလွဲ(2:00)အချိန်ခန့်တွင် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်နေရင်း အမိုးလိုင်းအပေါ်မှပြုတ်ကျပြီး

ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာမှ လူနာအားဆေးရုံသို့ပို့ဆောင်ပေးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့သယ်ဆောင်ပြီး သင်္ဂြိုလ်ပစ်လိုက်သည်ဟုဆိုသည်။

သေဆုံးသူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ် ၊အရာတော်ကျေးရွာသားတစ်ဦးသည်။

“မောင်လှိုင်မြင့်နှင့်အတူ အလုပ်အတူလုပ်ကိုင်‌နေသော သူများ၏ ပြောပြချက်အရ ဆိုဒ်က တာဝန်ရှိသူတွေက ဒဏ်ရာရလူနာအား ဆေးရုံပို့ပေးမည်ဟု ပြော‌ပြီး ခေါ်သွားကာ

ဘုန်းကြီးကျောင်းကိုပို့ဆောင်လိုက်ကြတာ၊ ခုချိန်ထိ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ပဲ အားလုံးက ထင်ကြတာပေါ့” ဟုပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏မိသားစုဝင်များက မကျေနပ်သောကြောင့် သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမည်ကိုနားမလည်သဖြင့် ကူညီဆောင်ရွက်ပေးပါရန်

WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသဖြင့် (07.06.2026)ရက်နေ့၊မွန်းလွဲ(2:00)နာရီတွင်အမှု ကိုလက်ခံခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *