ဝိုင်းရှယ်ပေးကြပါရှင် 🙏🙏🙏
အမေအိုကို ဆဲလို့တို့ ဂေါက်ရိုက်တံနဲ့ လာသောင်းကျန်းလို့တို့ ရေးထားတဲ့ ယောက်ျားတန်မဲ့ ကလိမ်ဆင်ရေးတဲလူတွေမြင်ရအောင်တင်ပေးလိုက်ပါတယ်

ပြသနာစဖစ်ပုံ (ကျမသည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ကန်အောက်ရပ် အမှတ် ၂၈ နေ အလမ္မာစတိုးနှင့် sister so cute ရဲ အိမ်ပိုင်ရှင်ဖစ်ပါတယ်ရှင်
၃ ရက်နေ့ ည ၈နာရီခန့်တွင့် ကျမအကိုနှင့် ကျမအမေ တို့မှ ကျမစီ ရန်ကုန်မှ လာလည်ခဲ့ရာ ည ၈ နာရီချိန်တွင် တောင်ကြီးမြို့သို့ရောက်ရှိခဲ့ပီး ကျမ၏တစ်အိမ်ကျော် နေခြည်စတိုး (ခ) အောင်ဆေးခန်းအိမ်နှင့် ရှေ့ကားလမ်းတစ်လမ်းခြား စည်ပင်ဘောင်တွင်ကားရပ်ခဲ့သည်

ရပ်နားချိနမှာ ၅ မိနစ်မျှပင်မရှိသေ ထိုအိမ်မှ အန်တီ တစ်ယောက်ထွက်လာ၍ ကျမအကိုကို “ကာူဖယ်ပေးငါတို့မနက် ကားရပ်မှာဟု “လာရောက်ပြောကြားခဲ့သည်
ထို့ အချိန်တွင် ကျမအကိုမှ”ဟုတ်ကဲ့ ဖယ်ပေးပါ့မယ်နော် အန်တီ အရှေ့ကကားလေးထွက်တာနဲ့ကျနော်ဖယ်ပေးမယ်”ဟု ပြန်လည်ပြောကြားခဲ့သည်

ကျမအကိုကားရဲ့ အရှေ့ကကားက ကျမကားဖစ်နေပီး ကျမအမျိုးသားမှာ ကားသော့ ပျောက်နေသေးကြောင့် အိမ်ပေါ်တွင်သွားရှာနေခဲ့ပါသည်
ထိုအချိန်တွင် ထိုနေခြည်အိမ်ထဲမှ အသက်၆၀ကျော်အရွယ်ရှိအမျိုးသားမှထွက်လာခဲ့ပီး ကျမအကိုအား “ငါလိုးမသား ကိုမေကိုလိုး မင်းကိုဘယ်သူခွင့်ပြုလို့ မင်းကကားလာရပ်တာလဲ”ဟုဆဲဆိုခဲသည်

ထိုအခါ ကျမ၏အကိုဖစ်သူမှ “ဦးလေးမအေနဲ့မဆဲနဲ့”ဟုပြန်ပြောခဲ့သည်
ထိုအခါ အဲ့မျိုးသားက “ဆဲတော့ လီးဖစ်လား”ဟုဆိုကားအား လေးဂွ သံတုတ်များဖြင့်ပစ်ပေါက်ခဲ့ပါသည်
ထို့နောက်လဲနှမပါမကျန်ဆဲဆိုသောင်းကျန်းနေခဲ့သည်

ထိုအချိန်တွင်ကျမမှ ထိုအမျိုးသားအား “ဦးလေးရယ် အမေနဲ့တော့မဆဲပါနဲ့ သမီးတို့ကားလဲရွှေ့ပေးပါမယ် သမီးတောင်းပန်ပါသည်ဟုပြောကြားခဲ့ရာ
ထိုအမျိုးသားနှင့် သူ၏သားဆရာဝန်၂ယောက်မှ “ဖာသည်မစကားလာမရှည်နဲ”ဟုပြန်လည်ဆဲဆိုခဲ့သည်

ထို့အချိန်တွင် ကျမငှားထားသောဆိုင်မှ ခင်မင်ရသောဦးလေးမှ သူတို့ကကားကို ဆက်ပီး ပစ်ခတ်နေသောကြောင့် ဝင်ရောက်တားစီးပေးသော်လည်း ထိုအမျိုးသားနှင့် သူ၏သားဆရာဝန်၂ယောက်မှာ ဆက်လက်ဆဲဆိုသောင်းကျန်းနေခဲ့သည်
ထိုအချိန်တွင်ကျမမှ ထိုခင်မင်ရသောဦးလေးရဲ့ လက်ကိုကိုင်ကာ cctvမှာပါသည့်အတိုင်းကျမအိမ်သို့ပြန်လာခဲ့သည်
ပီးနောက်လူများဝရုံးသုံးကားဖစ်တာကိုမြင်၍ ဘာဖစ်တာလဲဆိုပီး အနောက်ကိုလှည့်လိုက်ချိန်တွင် အနောက်မှာ ထိုအမျိုးသားနှင့်သူ၏သားဆရာဝန်နှစ်ယောက်မှ ဓါးများနှင့်သံတုတ်ကိုင်ကာ ထိုအမျိုးသားမှကျမအား”ဖာသည်မ နင်စကားလာရှည်တယ်”ဟုပြေားကာ ကျမနှုပ်ခမ်းအားဓါးဖြင့် ထိုးခွဲခဲ့သည်

ပီးနောက် သူ၏သားဆရာဝန်ဆိုသူမှ ကျမခေါင်းအားဓါးဖြင့်ထပ်ခုတ်သည် ထို့နောက်ကျမအားမြေကြီးပေါ်သို့တွန်းလှဲကာ မျက်နှာကို သားဖ၃ယောက်မှာ ၂ယောက်ဓါးကနဲ့ဝိုင်းခုတ်ပီး ကျန်တစ်ယောက်မှာ သံတုတ်ဖြင့်ရိုက်ခဲ့သည်
ထိုအချိန်တွင် သူတို့ပါးစပ်မှ “ဖာသည်မနငိ့ကိုအသေသတ်မယ်”ဟုပြောနေခဲ့သည်
ပါတ်ဝန်းကျင်ရှိလူများမှမကြည့်နိုင်လို့ ဝိုင်းဆွဲခဲ့ရာ ဆွဲတဲ့လူများကိုပါ ဓါးတုတ်တို့ဖြင့်ခုတ်ရိုက်လုပ်ကြသည်
ပါတ်ဝန်းကျင်ဝိုင်းဆွဲလို့ကျမလွတ်သွားပီးအိမ်ထဲပြေဝင်တာကိုကျမအိမ်အတွင်းလှေခါးနားထိဓါးဖြင့်လိုက်ခုတ်ခဲ့ပါတယ်ရှင်

ဖစ်စဥ်အစအဆုံးကတော့ အဲ့တာပါရှင် ကျမအကိုဘက်မှ ထိုအမျိုးသားများက မအေ နှများဖြင့်ပေးသားဆဲဆိုနေသောကြောင့် “ကျွန်တော်တို့တော့ မျိုးရိုးမရှိဘူး ခဗျားတို့ရှိရင်လုပ်ပေါ့”ဟုသာပြန်လည်ပြောဆိုခဲ့ပါသည်ရှင်
ထိုဆရာဝန်သားဖ၃ယောက်လူမဆန်စွာဝိုင်းခုတ်မှူကြောင့် ကျမ၏အေပါ်အောက် မေးရိုးကျိုးသွား၍သွားများကို သံကြိုးများဖြင့်တွဲထားရခြင်း /ဦးခေါင်းဓါးခုတ်ဒါတ်ရာ “၂”ချက်ချုပ်ရ ပုခုံးဓါးပြတ်ရာ “၁”ချက်ချုပ်ရ ဝဲဘက် လက်ခလယ် နှင့် လက်သန်းပြတ်လုနီးပါးဖစ်၍ တစ်ချေင်းကို “၁”ချက်စီချုပ်ရ ဝဲမျက်ခုံးဓါးပျက်ချရာကြောင့် “၁”ချက်ချုပ်ရ မျက်လုံးအတွင်း၌သံတုတ်ဖြင့်ရိုက်နှက်မှူကြောင့်သွေးကြေဥ ဒါတ်ရာ ဝဲခြေထောက်တွင် ဓါးပျတ်ချရာ “၃”ချက်ခုပ်ရ မျက်နှာရှိ နှုပ်ခမ်းသည် လုံးဝပျက်ထွက်သွားသောကြောင့် နဂိုမိမွေးအတိုင်းပြန်မရနိုင်သော သေရာပါဒါတ်ရာများကို ရရှိခဲ့ပါသည်ရှင်

ထိုသူများဘက်မှ လိုင်းပေါတင်ထားသော စာများမှာ အမှူပြောင်းပြန်ရေးတင်ထားခြင်းဖစ်ပါတယ်ရှင်
cctv သက်သေ လူသက်သေ အစုံအလင်ရှိပါတယ်ရှင်🙏🙏🙏
Liala


Leave a Reply