🌸ထရံတောင်မလုံတဲ့ တဲကျောင်းလေးထဲမှာ အောင်မြင်မှုကိုစွန့်ကာ တရားရှာနေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာ(သို့)တင့်တင့်ထွန်း 🌸
တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူသူဝေးရာမှာ သိုသိုသိပ်သိပ်နဲ့ တရားအလုပ်ကိုသာ အေးချမ်းစွာ ကျင့်ကြံနေတဲ့ နိုင်ငံကျော် မင်းသမီးဟောင်း တင့်တင့်ထွန်းကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ချစ်ရတဲ့ မိသားစုနဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ ဆရာလေးဟာ ရင်းနှီးသူတွေကိုတောင် သိပ်အတွေ့မခံဘဲ တရားကိုသာ ကြိုးစားအားထုတ်နေခဲ့တာပါ။
မကြာသေးမီက ဆရာလေးကို သွားရောက်ဖူးမြော်ခဲ့သူ တစ်ဦးရဲ့ ပြန်လည်မျှဝေမှုအရ၊ ဆရာလေး သီတင်းသုံးနေတဲ့ ကျောင်းသင်္ခမ်းလေးဟာ ထရံတောင် အပြည့်အဝကာရံထားနိုင်ခြင်းမရှိတဲ့ အလွန်ရိုးရှင်းနွမ်းပါးတဲ့ တဲကျောင်းလေး ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုမြင်ကွင်းကြောင့် စိတ်မကောင်းဖြစ်ပြီး အလှူငွေတွေ ကပ်လှူဖို့ ကြိုးစားခဲ့ပေမယ့် ဆရာလေးရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို အံ့ဩကြည်ညိုစရာကောင်းလှပါတယ်။
ဆရာလေးက လာရောက်လှူဒါန်းတဲ့ အလှူငွေတွေကို လုံးဝ (လုံးဝ) လက်ခံခြင်းမရှိဘဲ…
“ဆရာလေးမှာ အရာအားလုံး ပြည့်စုံစွာ ရှိပါတယ်။ အလိုနည်းသထက် နည်းအောင် ကျင့်ကြံနေထိုင်နေသူဖြစ်လို့ အလှူငွေ လုံးဝ လက်မခံပါဘူး” လို့ အေးချမ်းစွာ မိန့်ကြားခဲ့ပါတယ်။
တစ်ချိန်က ငွေကြေး၊ ဂုဏ်ပကာသနတွေ ပြည့်စုံခဲ့တဲ့ စွယ်စုံရ မင်းသမီးကြီးတစ်ယောက်ဟာ အခုလိုမျိုး လောကီအာရုံ အလိုရမ္မက်တွေကို အကုန်စွန့်လွှတ်ပြီး ရောင့်ရဲတင်းတိမ်စွာ နေထိုင်နေတာ တကယ့်ကို ဦးညွှတ်ကြည်ညိုစရာပါ။
ဒီလို မွန်မြတ်လှတဲ့ ဆရာလေးရဲ့ စိတ်ထားလေးကို ဖူးတွေ့ ကြည်ညိုနိုင်ဖို့နဲ့ ကုသိုလ်ယူ သာဓုခေါ်ဆိုနိုင်ဖို့အတွက် ဒီပို့စ်လေးကို မျှဝေ (Share) ပေးသွားကြပါဦး။


Leave a Reply