📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မောင်နှမနှစ်ဦး မိနစ်ပိုင်းသာခြားပြီး တိုက်ခန်းပေါ်မှ ပြုတ်ကျ

မောင်နှမနှစ်ဦး မိနစ်ပိုင်းသာခြားပြီး တိုက်ခန်းပေါ်မှ ပြုတ်ကျမှု ဂျိုဟိုးဗာရူးတွင် ဖြစ်ပွား

“ကျွန်မတို့ ရေမချိုးခင် ကိုယ်လက်သန့်စင်ဖို့ ရေကူးကန်ဘေးက ရေပိုက်ကို ဖွင့်ရုံရှိသေးတယ်၊ တစ်ခုခု ပြုတ်ကျလာသလိုမျိုး အသံအကျယ်ကြီး ချက်ချင်း ကြားလိုက်ရတယ်” ဟု ယမန်နေ့ နံနက် ၈ နာရီက တမ်ပွိုင်း (Tampoi) ရှိ တိုက်ခန်းကွန်ဒိုတစ်ခုတွင် ကလေးငယ်နှစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ စိတ်နှလုံးထိခိုက်ဖွယ် ဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏ Instagram လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေခဲ့ရာ၌ ၎င်းရှိနေသည့် ရေကူးကန်မှာ (၇) ထပ်မြောက်တွင် ရှိကြောင်း ထိုအမျိုးသမီးက ဆိုသည်။

၎င်း၏ ပြောကြားချက်အရ ထိုအချိန်က ရေကူးကန်နေရာတွင် ၎င်း၊ ၎င်း၏ခင်ပွန်း၊ ၎င်းတို့၏ ရင်သွေးငယ်နှင့် သန့်ရှင်းရေးဝန်ထမ်း တစ်ဦးသာရှိသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အလွန်တိတ်ဆိတ်နေခဲ့သည်။

“အသံအကျယ်ကြီး ကြားပြီးတဲ့နောက် မိန်းကလေးငယ်တစ်ဦး ပြုတ်ကျနေတာကို မြင်လိုက်ရတဲ့ အချိန်တုန်းက ကျွန်မတို့ ဘယ်လောက်အထိ ထိတ်လန့်တုန်လှုပ်သွားလဲဆိုတာ အခုထိ မေ့လို့မရသေးဘူး။ အခုထိလည်း စိတ်ဒဏ်ရာ (Trauma) ရသလို ခံစားနေရတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ထိုသို့ဖြစ်ပွားချိန်တွင် ခင်ပွန်းဖြစ်သူက ရင်သွေးငယ်ကို ၎င်းထံ အပ်နှံပြီး ကလေးမလေး ပြုတ်ကျသွားသည့်နေရာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

ထိုနေရာသို့ ရောက်ရှိချိန်တွင် ၎င်းတို့ဇနီးမောင်နှံနှင့် အခြားသူအချို့သည် လူနာ၏ အခြေအနေကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဆွံ့အသွားခဲ့ကြသည်။

ထို့နောက် မိနစ်ပိုင်းမျှသာ အကြာတွင် အသံအကျယ်ကြီးတစ်ခုကို ထပ်မံကြားလိုက်ရပြီး ယခုတစ်ကြိမ်တွင်မူ ယောကျာ်းလေးတစ်ဦး ထပ်မံပြုတ်ကျလာသည်ကို မြင်တွေ့ခဲ့ရသည်။

“အဲဒါနဲ့ ကျွန်မအမျိုးသားက လူနာတင်ယာဉ် (Ambulance) ဆီ ချက်ချင်း ဖုန်းဆက်ပြီး အနီးနားက အိမ်နီးနားချင်းတွေကို အကူအညီလှမ်းတောင်းခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခန်းတွဲ၏ (၁၃) ထပ်တွင် နေထိုင်သည့် အခြားဒေသခံတစ်ဦးကလည်း မှတ်ချက် (Comment) တွင် ၎င်းအနေဖြင့် ယခုဖြစ်ရပ်ကြောင့် အလွန်တုန်လှုပ်နေရဆဲ ဖြစ်ကြောင်း ရေးသားထားသည်။

“ပြုတ်ကျတဲ့ ယောကျာ်းလေးရဲ့ နာမည်က အီရ်ဖန် (Irfan) ဖြစ်ပြီး ညီမလေးဖြစ်သူကတော့ ပူထရီ (Puteri) ဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာပဲ သူတို့အမေ ရောက်လာလို့ ကျွန်မက စိတ်အေးအေးထားနိုင်အောင် ဖက်ထားပေးခဲ့ရတယ်” ဟု ရေးသားထားသည်။

သိရှိရသမျှအရ အသက် (၈) နှစ်အရွယ်ရှိ ညီမဖြစ်သူ မိန်းကလေးငယ်သည် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ပင် သေဆုံးသွားခဲ့ပြီး၊ အသက် (၁၀) နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူမှာမူ Sultanah Aminah ဆေးရုံ (HSA) ၏ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် အရေးပေါ် ကုသမှုခံယူနေရဆဲ ဖြစ်သည်။

ဂျိုဟိုးဗာရူး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး (Asisten Komisioner) Radin Ramlan Radin Taha က ဤဖြစ်စဉ်ကို အတည်ပြုထားပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက သတင်းထုတ်ပြန်ချက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်