YGW ပရဟိတမိဘမဲ့ (၈၉) မိုင် အနံ့တွေထွက်လာပြီ

YGW ပရဟိတမိဘမဲ့ (၈၉) မိုင် TikTok မှာ အရွယ်ရောက်မိန်းကလေးတွေပုံတွေတင်တာရဲ့ရည်ရွယ်ချက်က ဘာပါလိမ့်?

မိဘမဲ့ ပရဟိတ ကျောင်းနဲ့
ဒီမိန်းကလေးတွေပုံတွေသီချင်းထည့်တင်တာနဲ့ ဘယ်လို ဆက်စပ်ပါသလဲ?

📌မိုးနေချိုးနေတဲ့ အမျိုးသမီးငယ်တယောက်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းပေါ်နေတာကို
အများတကာမြင်တဲ့ TikTok ပေါ်တင်တဲ့
အဲ့ဒီကျောင်းက သင်္ကန်းဝတ်ဖြစ်စေ ၊
ပုဆိုးဝတ်ဖြစ်စေ ထိုသူသည် သမီးငယ်တို့ရဲ့ privacy ကိုမလေးစားတဲ့ လူ့ကျင့်ဝတ်
စည်းကမ်းချိုးဖောက်သူတွေပါပဲ။

ငါ့ခြံထဲကကြက်
ငါကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ သဘောလား!

နီးစပ်ရာမိတ်ဆွေတွေ အတော်များများက
သာသနာရေးရော
လူကယ်ပြန် ကို ရော
YGW နဲ့ပတ်သက်တဲ့ မသင့်တော်တာတွေကို ဆက်သွယ်တိုင်ကြားကြလည်း
သူတို့အဖြေက မရေရာ
ဘောလီဘောပုပ်နေကြသတဲ့

ထိုဌာန က ရာထူးကြီးယူထားသူပုဂ္ဂိုလ်တွေကအစ YGW ရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံအဖွဲ့တခုရှိနေလို့ မထိရဲ ပါတဲ့! ကောင်းရော..ပဲ

ထို ဌာနကလည်း ဘုန်းကြီးတွေပါနေတာမို့
ဒါ သာသနာရေးနဲ့ဆိုင်လို့ သာသနာရေးကိုတိုင်ပါ၊ မြေတွေချပေးနေတာလည်း သာသနာရေးက ချပေးနေတာဟုဆိုပြန်သတဲ့

သာသနာရေးဌာနကလည်း
ကလေးတွေကိစ္စမို့ လူ/ကယ်ပြန် ဌာန နဲ့ဆိုင်ပါသတဲ့။ ဘုန်းကြီး ပရဟိတ လုပ်တာကောင်းပါသတဲ့ ဟုဖြေသတဲ့

📌2022 နှစ်ကုန်အထိ အရကတော့ YGW ကို လူ/ကယ်ပြန်ဌာန က ကန့်ကွက်ထားတာဖြစ်သလို တည်ထောင်ခွင့်ပြုခမိန့်လည်းချမပေးထားပါဘူးဟုသိရတယ်။ ( ယခုအခြေအနေတော့ မသိပါ)

📌ထို 2022 ကာလ အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပေး၊ တားမြစ်ကန့်ကွက်ထားတဲ့ကြားက ကျောင်းခွဲပေါင်း ၂၅ ကျောင်းထိ ( 2022 စာရင်းအရ ) ရဲတင်းစွာ မြို့တိုင်းမှာ ချဲ့ပြီးနေတာ ဘာ့ကြောင့်ပါလဲ ဆိုတာ စဉ်းစားစရာပါ။ ယခု 2026 မှာ ပိုများလာပြီထင်ပါတယ်။

သာသနာရေးဝန်ကြီးဌာန အောက်ကမို့ လူကယ်ပြန်ဌာန က တရားစွဲမရပါဘူးတဲ့!

ကလေးထိန်းမိန်းကလေးတွေနဲ့
ဖေဘုန်းဆိုတဲ့ သင်္ကန်းခြုံဟာ ကလေးတွေနဲ့အတူ အထိန်းမိန်းမပျိုတွေရှိနေတဲ့ ခြင်ထောင်ထဲဝင်တယ်။ ညမိုးချုပ်
Live လွှင့်တယ်…

ကလေးတွေအိပ်ချိန်မှာ
သီချင်းအကျယ်ကြီးဖွင့် ပြီး ၊ နိုးနေပြီးအီနေတဲ့ ကလေးတွေကို လက်ခုပ်တီးကခိုင်းတယ်
ပါးတွေကို တရှုံ့ရှုံ့နမ်းပြတယ်

Live ကြည့်မိတဲ့ မိတ်ဆွေတွေက
မသင့်တော်ပါဘူး သီချင်းပိတ်ပါ
မန့်ဝင်ရေးလည်း ဂရုမစိုက်ဘူးတဲ့

အဲ့ဒီမှတခါ

ရုပ်ရည်ချောမော သန့်ရှင်းဖြူဖွေးတဲ့
သမီးငယ်လေးတွေကို နုတ်ခမ်းနီတွေဆိုး
ထမိန်တွေပေးဝတ် သီချင်းနဲ့ က ခိုင်း
ညဖက် နေ့ဖက်
Live လွှင့်ချင်တဲ့အချိန်ထလွှင့်
ဘုန်းကြီးတွေသာပြောင်းသွားမယ်
ထိုသမီးငယ်လေးတွေက မပြောင်း
ဟိုကတုံးပေါင်ပေါ်ရောက်လိုက်
ဒီကတုံး ပေါင်ပေါ်ရောက်လိုက်နဲ့

YGW ကျောင်းတခုစီမှာ
လက်ရွေးစင်ရွေးထုတ် စာချုပ်နဲ့ခေါ်ယူမွေးစားထားတဲ့ ရုပ်ရည်သန့် လိုင်းပေါ်ပြစားလို့ကောင်းတဲ့ ကလေး တွေ အနည်းဆုံး ၂-၃ ယောက်ရှိတတ်ပါတယ်။

ဒီကလေးတွေဟာ လပေး နှစ်ပေးစာချုပ်နဲ့ခေါ်ယူမွေးစားထားကြတာပါ။

ကလေးတွေအတွက် အဝတ်အထည်စောင်ဘယ်လောက်လှူလှူ
နောက်နေ့ ကလေးတွေကို အဆောင်ပြင်မှာ တန်းစီအိပ်ခိုင်ပြီး ခြင်ကိုက်နေပါပြီ အဝတ်မလုံလောက်ပါ ပို့စ်တင်လို့ အလှူရှင်တွေနဲ့ ပြသနာ တွေဖြစ်ဖူးကြတာလည်း သိသူတွေသိထားပြီးသားပါ

ဒီ YGW ကျောင်းတွေဟာ ဘယ်ဌာန လက်အောက်မှာရှိပြီး ဘယ်သို့သော မိဘမဲ့ဂေဟာများမှာရှိသင့်ရှိထိုက်တဲ့ စံချိန်စံညွှန်း guidelines စည်းကမ်းချက်တွေနဲ့ လုပ်နေသလဲ ဆိုတာ တွေးကြပါ။

ကျွန်မ မကြာခနရေးပါတယ်

ဒီကလေးတွေ အထူးသဖြင့် မိန်းကလေးတွေ အရွယ်ရောက်လာရင် ဘယ်လို ဆက်ထိန်းစောင့်ရှောက်ကြမှာလဲ ဆိုတဲ့ plan ရှိကိုရှိရပါမယ်

ဒီကလေးတယောက်ချင်းစီမှာ လူကယ်ပြန်ဌာနမှာ registration number ရှိကိုရှိနေရပါ့မယ်။

အခု TikTok ထဲမှာ အရွယ်ရောက်သမီးလေးတွေကို သီချင်းဆိုခိုင်း ရိုက်တင် ၊ စာကျက်နေတာရိုက်တင်၊ အလှကို ဖေါ်ကျုးဖန်တီးရိုက်နေတာ အထင်းသားပါ

အရွယ်ရောက်သမီးပျိုလေးတွေဟာ သင်္ကန်းပတ်တွေနဲ့ တဝန်းတခြံတအိမ်ထဲ ဘယ်လိုနည်းနဲ့မှ ရှိမနေသင့်ပါ။

သင်္ကန်းပတ်မှမဟုတ် ဘယ်တစိမ်းယောင်္ကျားသားတွေနဲ့ မှ အတူရှိမနေသင့်ပါဘူး။

ဘုန်းကြီးနဲ့ ပရဟိတ ဆိုတာဘာမှ ကို မဆိုင်တာပါ။ ဒါလူ့အလုပ်တွေပါ။

အတွင်းသိသူ အချိန်ကြာကြာ ထိုကျောင်းတွေကို ဝင်ထွက်ဖူးသူ လုပ်အားပေးဖူးသူတွေအများကြီးလာပြောပြထားကြတာရှိတယ်။

အသက်အန္တရာယ်အထိခြိမ်းခြောက်ခံကြရလို့ ကာယကံရှင်တွေကို ငဲ့ညှာ၍ ရေးချပြလို့မရတာတွေရှိနေပါတယ်။

တကယ့် ဂိုဏ်း တခုလိုထွားလာတဲ့ YGW ဟာ ဘယ်သူ့လက်အောက်
ဘယ်သူ့ထိန်းချုပ်မှုတွေရှိနေလို့ ဒီလောက်တောင် မြို့တိုင်းပွါးလာလည်းဆိုတာ စဉ်းစားစရာပါ!

ကလေးဗန်းပြစား

ခွေးဗန်းပြစား

နွားပြစား

မြွေပြစား

နောက်နောင်များမှတော့…
သင်္ကန်းဝတ်တွေ မြင်ချင်ရင်
ကလေးတွဲလောင်း ခွေးတွဲလောင်း
နို့ဗူးတိုက် ယောင်းမကိုင်
သင်္ကန်းဖရိုဖရဲနဲ့ ဟာတွေကို
မော်ဖူးနေကြရတော့မယ် ….

လူတွေကိုက အ ကြတာ
ဉာဏ်ယှဉ်တွေးကြပါရှင်!

ထို အရွယ်ရောက်မိန်းကလေးတွေဟာ
တကယ်မိဘမဲ့တွေမှန်ရင်
နိုင်ငံတော်ကဖွင့်လှစ်ထားတဲ့
အမျိုးသမီးကယ်ဆယ်ရေးဂေဟာလိုမျိုးမှာပဲ အတတ်ပညာ အတန်းပညာတွေသင်ယူရင်း လုံခြုံစွာရှင်သန်သင့်ပါတယ်။

အမျိုးသမီးငယ်တွေ သားငယ်လေးတွေဟာ YGW ရဲ့ အရောင်းပြခန်းမှာ လိုသလို အသုံးချနိုင်တဲ့ အရုပ်တွေမဟုတ်ပါ

ဒီပိုစ့်သည် YGW ကျောင်းတိုင်း ကျောင်းတိုင်းကို ရည်ရွယ်ပါတယ် ရှင့် !

မအေးပု။


Comments

Leave a Reply

Your email address will not be published. Required fields are marked *