မိသားစုဝင် ၆ ယောက်ကို ထောက်ပံ့ဖို့ အိမ်နဲ့ ၇၇၅ ကီလိုမီတာကျော် ဝေးတဲ့နေရာအထိ သွားရောက် အလုပ်လုပ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ အိပ်မက်တွေကတော့ အခုအခါ မပြည့်စုံနိုင်တော့ပါဘူး။
ချင်းရိုင်ခရိုင် ဒွိုင်လွမ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးရထားဥမင်လိုဏ်ခေါင်း ပြိုကျမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေထဲမှာ “နောင်ပလွမ်” (Apidet Kaewpraken) လည်း ပါဝင်ခဲ့ပါတယ်။
နောင်ပလွမ်ဟာ ကန်ချနဘူရီပြည်နယ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာသူဖြစ်ပြီး၊ လျှပ်စစ်မီးတောင် မရရှိတဲ့ သစ်သားအိမ်ဟောင်းလေးမှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။
ဒီနှစ်အစပိုင်းမှာတော့ မိသားစုဘဝကို ထောက်ပံ့နိုင်ဖို့ ချင်းရိုင်ကို လာရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။
လစဉ် မပျက်မကွက် အိမ်ကို ငွေပို့ပေးခဲ့ပြီး မိခင်၊ အဘွားနဲ့ ကျောင်းတက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို စောင့်ရှောက်ပေးခဲ့တာပါ။
နောင်ပလွမ်ရဲ့ အကြီးမားဆုံး အိပ်မက်ကတော့ မိခင်အတွက် အိမ်သစ်တစ်လုံး ဆောက်ပေးဖို့ ဖြစ်သလို၊ အလုပ်ပြီးဆုံးရင် အိမ်ပြန်ပြီး မိခင်ကျေးဇူးဆပ်ဖို့ ရဟန်းဝတ်မယ်လို့လည်း ရည်မှန်းထားခဲ့ပါတယ်။
ဒါပေမယ့် ကံကြမ္မာက ရက်စက်လွန်းခဲ့ပါတယ်။ အိမ်သစ်လေး မပြီးစီးသေးသလို၊ ရဟန်းဝတ်မယ့် အိပ်မက်လည်း အကောင်အထည် မဖော်နိုင်တော့ပါဘူး။
သို့ပေမယ့် မိသားစုအပေါ် ထားရှိခဲ့တဲ့ မေတ္တာ၊ တာဝန်ယူစိတ်နဲ့ ကျေးဇူးသိတတ်မှုတွေကတော့ လူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေမှာ ဖြစ်ပါတယ်။
🙏 နောင်ပလွမ်၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။


Leave a Reply