ကိုယ်တိုင်လည်း ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ အေးချမ်းနေပြီမို့ အဖေ ဦးချစ်ကောင်းရဲ့ ဒုတိယအိမ်ထောင်က ကလေးတွေ၊ အဖေတူ အမေကွဲမောင်နှမတွေကို လွန်လွန်ကြူးကြူးတွေမပြောကြဖို့ ပရိသတ်တွေကို တောင်းဆိုလာတဲ့ အိမ့်ချစ်
👇🏻👇🏻👇🏻
မေတ္တာရပ်ခံချင်တာလေးရှိလို့ပါရှင့် 🙏🏼
မကြာသေးခင်က အဖေ (ဦးချစ်ကောင်း) ရဲ့
သားလေးနဲ့ သမီးလေးတွေ ၊ အိမ့်ချစ်ရဲ့
Half Siblings လေးတွေရဲ့ interview လေး
တက်တာလာကြည့်ရပါတယ်
ပရိတ်သတ်များရဲ့ ကောမန့်လေးတွေကနေ
အိမ့်ချစ်အပေါ်ဂရုဏာထားကြတာတွေမြင်ရလို့
ကျေးဇူးတင်ရပေမယ့် ကလေးတွေအတွက်
စိတ်ထဲမကောင်းလို့ မေတ္တာရပ်ခံချင်တာလေးပါ
ပရိတ်သတ်များရဲ့ မေတ္တာများအတွက်လဲ
ကျေးဇူးတင်ပါတယ် 🙏🏼
ကလေးတိုင်းကဖြူစင်ပါတယ်
ပျော်ရွှင်စရာအနာဂတ်နဲ့လဲထိုက်တန်ပါတယ်
ရှေ့မှာ တောက်ပတဲ့အနာဂတ်လေးတွေလဲ
ရှိတာမို့ လူကြီးတွေရဲ့ အမှားကြောင့်အပြစ်မဲ့တဲ့
ကလေးတွေရဲ့ အနာဂတ်လေးတွေ စိတ်လေးတွေ
ထိခိုက်မှာအိမ့်ချစ်တကယ်မလိုလားပါဘူး
ကိုယ်တိုင်လဲ ကလေးအမေဖြစ်နေပြီမို့
ဘယ်ကလေးကိုမှ စိတ်ဒဏ်ရာနဲ့ကြီးပြင်းရတဲ့
ရှင်သန်ရတဲ့ကလေးတွေမဖြစ်စေချင်ပါဘူးရှင်
ဒီကလေးတွေဟာလဲအိမ့်ချစ်သာငယ်ငယ်ရွယ်ရွယ်
နဲ့အိမ်ထောင်ကျကလေးမွေးခဲ့ရင်ကိုယ့်သားသမီး
အရွယ်လေးတွေမို့ အတိတ်မှာဘယ်လိုပဲဘာတွေပဲ
ဖြစ်ခဲ့ဖြစ်ခဲ့ ဘုမသိဘမသိလူ့လောကထဲရောက်
လာရတဲ့ကလေးတွေက စိတ်ဒဏ်ရာရစရာ
စကားတွေမှတ်ချက်တွေထင်ကြေးတွေနဲ့
ရှေ့မဆက်စေချင်ပါဘူး ကိုယ်တိုင်ကဘုမသိဘမသိ
လူ့လောကထဲရောက်လာရပြီး စိတ်ဒဏ်ရာတွေနဲ့
ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းခဲ့ရသူမို့
ကိုယ့်လို မဖြတ်သန်းစေချင်တာ တကယ့်ရင်ထဲက
စကားအမှန်ပါ
တချိန်ကငယ်စဉ်မှာတော့ခုလိုစိတ်မျိုးမရှိခဲ့တာ
အမှန်ပါ ငယ်တဲ့အရွယ်မှာကိုယ်သိတာက
စိတ်နာခြင်း မုန်းတီးခြင်း လက်မခံနိုင်ခြင်းတွေနဲ့
မေတ္တာငတ်မွတ်မှုတွေ လေကဓံရိုက်ချက်ကြမ်း
တွေကြားထဲဘာလို့ငါ့ကျမှဆိုတဲ့မေးခွန်းတွေနဲ့ပဲ
အမုန်းတရားတွေနဲ့ပူလောင်စွာဖြတ်သန်းခဲ့တာပါ
ခုချိန်မှာ အမေလဲပူလောင်ရတဲ့ဘဝကနေအေးချမ်း
သွားရပြီ ကိုယ်တိုင်လဲကိုယ့်ကိုချစ်ပေးတဲ့
လင်ယောကျာ်း ယောက္ခမတွေ သမီးလေး
အကိုတွေအမတွေ မောင်လေးတွေ အဒေါ်ဦးလေးတွေ
သူငယ်ချင်းမိတ်ဆွေတွေ ပရိတ်သတ်တွေရဲ့
မေတ္တာတွေနဲ့ပဲ ပျော်နေတတ်ခဲ့ပြီမို့
ကိုယ့်အပေါ် သမီးလို့သတ်မှတ်ခြင်းမသတ်မှတ်ခြင်း
တွေအပေါ်လဲ ဘာစိတ်ထိခိုက်မှုမှမရှိတော့ပဲ
အမုန်းတွေ ပူလောင်မှုတွေကိုလွှတ်ချပြီးနေတတ်ခဲ့
ပြီမို့ အေးချမ်းတဲ့စိတ်လေးရှိနေပါပြီ
အဲ့အတွက် ပရိတ်သတ်တွေကိုလဲ အိမ့်ချစ်အစား
အမုန်းခံပေးနေတာသိပေမယ့် အပြစ်မဲ့တဲ့ကလေး
တွေအနာဂတ်မှာ သူ့ဟာသူလွတ်လပ်ပျော်ရွှင်စွာ
Guilty ဖြစ်မနေပဲ နေနိုင်ကြစေဖို့ အမုန်းစကားတွေ
ရပ်တန့်လိုက်ကြဖို့အတွက် မေတ္တာရပ်ခံတာပါ
ပရိတ်သတ်တွေအားလုံးလဲစိတ်ချမ်းမြေ့ကြပါစေရှင့်
လူ့ဘဝတိုတိုလေးမှာ ကလေးတိုင်းလဲ
ပျော်ရွှင်ကြရပါစေ 👧👦👧
& Happy Father’s Day ❤️
အိမ့်ချစ်

စိတ်ထားတတ်လိုက်တာ😍😍


Leave a Reply