ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား

ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား

ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသော စစ် သားအလောင်းများ ကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များဖြင့် ဖြစ်သလို မြှုပ်နှံထားခဲ့ကြောင်း ဒေသသတင်းရင်း မြစ်က ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်ကတည်းက ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းများကို ဆောမြို့ နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ အတွင်း၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိ ထိခိုက်သေဆုံးမှုများ ပြားနေပြီး သေဆုံးစစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များ တူးကာ ဖြစ်သလို မြှုပ်နှံထားခဲ့သည်ကို ဒေသနေပြည်သူများက တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

“စခအသေတွေကို ဖြစ်သလို မြှုပ်နှံထားခဲ့တာ၊ မြေမြှုပ်ထားခဲ့တဲ့နေရာတွေကို အခုမှ သွားရင်းလာ ရင်းတွေ့ခဲ့ကြတာ၊ သေချာလိုက်တော့ မရှာရဲသေးဘူး။ စခတွေက မိုင်းထောင်ထားတာတွေရှိတော့ မရှင်းရသေးတဲ့အတွက်ပါ။ လမ်းဘေးမှာ တွင်းကြီး၊ တွင်းငယ်နဲ့ တူးပြီး မြှုပ်နှံထားခဲ့တာ အများကြီး တွေ့ခဲ့ရတယ်၊ ဒါကဆောမြို့နယ်ထဲမှာရှိသေးတယ်။ မင်းတပ်တို့၊ ကန်ပက်လက်တို့ဘက်မှာဆိုရင် အခုလို့ အများကြီး ရှိနိုင်တယ်” ဟု ဒေသခံသတင်းရင်း မြစ်က ပြောကြားသည်။

ယနေ့အချိန်အထိ တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကအထိ နာနေသဖြင့် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တို့ကို Y12 ဗုံးကျဲလေယာဉ်၊ ဂျက်ဖိုက်တာ တို့ဖြင့် နေ့စဉ်ရက်ဆက် ဗုံးရာချီအသုံးအပြုကာ တိုက်ခိုက်နေပြီး ယနေ့ ဇွန်လ ၂၂ ရက် ည ၇ နာရီ ၄ မိနစ်၊ ၇ နာရီ ၉ မိနစ်၊ ၇ နာရီ ၁၄ မိနစ်၊ ၇ နာရီ ၂၆ မိနစ်၊ ၈ နာရီ ၂၅ မိနစ်တို့တွင် နေပြည်တော် ဧလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့်မင်းတပ်မြို့နယ်တနေရာကို ဗုံး ၂ လုံး၊ ၃ လုံး တွဲ စုစုပေါင်း ၁၆ ကြိမ် ဗုံးအလုံး ၆၀ ခန့်ကျဲချသွားကြောင်း သိရသည်။

“အထိနာကတော့ များတယ်၊ အခုလည်း တက်လိုက် လန်ကျလိုက်နဲ့၊ မိတ္ထီလာ စစ်ဆေးရုံကို ပို့လိုက် တဲ့စခတွေလည်း လူနာတွေများနေလို့ ဆေးဝါးကုသစရာပါ ပြတ်လပ်ပြီး သေဆုံးတာများနေပြီးလို့ တပ်တွင်းဖရဲသီးကလှမ်းပြောတယ်။ သေဆုံးတဲ့သူတွေလည်း များလို့ အစုလိုက်ပုံပြီး မီးရှို့နေရတယ် လို့ ပြောတယ်၊ အလောင်းအရေအတွက်ကတော့ မသိရဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရ စစ်သားများကို ဆောမြို့နယ်၊ကျောက် ထု လေယာဉ်ကွင်းမှ တဆင့် Y12 လေယာဉ်ဖြင့် ဇွန်လ ၁၆ ရက် နေ့ကတစ်ကြိမ်၊ ဇွန်လ ၁၃ ရက်နေ့ က တစ်ကြိမ်၊ ဇွန်လ ၁၁ ရက်နေ့ကတစ်ကြိမ်၊ ဇွန်လ ၅ ရက်နေ့ကတစ်ကြိမ် သယ်ဆောင်သွားကာ မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယောဒေသဆောမြို့နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တို့တွင် တိုက် ပွဲများ ဆက်လက်၍ ပြင်းထန်နေပြီး တော်လှန်ပြည်သူလူထုများအနေဖြင့် ကြို တင်ပြင်ဆင်ထား ကြရန်၊ မိမိတို့ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ် ဆက်ပူးပေါင်း ဆောင်ရွက်ကြရန် ဆက်လက်၍ တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *