📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လျှပ်စစ်ဓာတ်အား ယူနစ်သုံးသိန်းကျော် ခိုးယူသုံးစွဲသည့် လုပ်ငန်းရှင်အား အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုမှာ လျှပ်စစ်ဓာတ် အား ယူနစ် သုံးသိန်းကျော် ခိုးယူသုံးစွဲထားတာကို တွေ့ရှိတဲ့အတွက်

လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ရက်က မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေးနဲ့ ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေးအတွက်

မြောက်ပိုင်းခရိုင်၊ မြို့နယ်တွေမှာ စီမံချက်အစုအဖွဲ့ (၂၄) ဖွဲ့နဲ့ ရှောင်တခင် အသေး စိတ် ဝင်ရောက်စစ်ဆေးခဲ့ရာ

မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ် လုပ်ငန်းတစ်ခုမှာ အသုံးပြုထားတဲ့ မီတာမှာ Cover Seal နဲ့ Terminal Seal တွေ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံကာ လျှပ်စစ် ဓာတ် အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မသမာမှုဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား ယူနစ် သုံးသိန်းကျော် နစ်နာဆုံးရှုံးခဲ့ရပြီး နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခ လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ်သိန်း ၁၅၀၀ ကျော်ကို ဇွန် ၁၉ ရက်မှာ ရန်ကုန်လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းကို ပေးဆောင်စေခဲ့ပြီး မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

အဲဒီအပြင် လျှပ်စစ်ဓာတ်အားကို မသမာတဲ့ နည်းနဲ့ ရယူသုံးစွဲထားတဲ့ လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနဲ့အညီ ထိ ရောက် စွာအရေးယူနိုင်ရေးအတွက် မှော်ဘီမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပြင် အခြား တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း လျှပ်စစ်ဓာတ်အား ရယူသုံးစွဲ နေမှု တွေကို Control Center ကနေ စောင့်ကြည့်စစ်ဆေးပြီး

သံသယ ဖြစ်ဖွယ် တွေ့ရှိတာနဲ့ မြေပြင်ကို သွားရောက်ပြီး တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ တိကျစွာ သတင်းပေးတိုင်ကြားလာမှုတွေအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင် ရွက်ပြီး

လျှပ်စစ်ဓာတ်အား ယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေဖို့ ကြိုးပမ်းဆောင်ရွက်နေရာ အခုလို ဓာတ် အား ခိုးယူသုံးစွဲမှုတွေကို ဖော်ထုတ်လာနိုင်တာနဲ့အမျှ

ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွား နိုင်မှာဖြစ်ပြီး

ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား မသမာ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ တိကျစွာ သတင်းပေး တိုင် ကြားပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်