အလုပ်သမားတန်းလျားမှ ဝမ်းနည်းဖွယ်ဖြစ်စဉ် – ကွာရှင်းခွင့်တောင်းပြီး အခြားအမျိုးသားတစ်ဦးနှင့် ဖုန်းပြောနေသည့် ဇနီးကို မြန်မာအမျိုးသားက ဓား ဖြင့် အချက် ၂၀ ကျော် ထိုးသတ်

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဖရာပရာဒန်မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားတန်းလျားတစ်ခုမှာ အခြားအမျိုးသားတစ်ဦးနဲ့ ဖုန်းပြောပြီး ကွာရှင်းခွင့်တောင်းခဲ့တဲ့ ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက သဝန်တိုကာ ဓားနဲ့ အချက်ပေါင်း ၂၀ ကျော် ထိုးသတ်ခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အမှုကျူးလွန်ခဲ့တဲ့ ခင်ပွန်းသည်ကတော့ ထွက်ပြေးတိမ်းရှောင်တာမျိုး မရှိဘဲ ရဲတပ်ဖွဲ့ထံ အဖမ်းခံဖို့ စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဇွန်လ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ဘန်ဟွာဆွာဒေသရှိ အလုပ်သမားတန်းလျားတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးချိန်မှာ ဒုတိယထပ်အခန်းအတွင်း သွေးအိုင်ထဲ လဲကျ6သဆုံးနေတဲ့ အသက် ၄၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ အချက် ၂၀ ကျော် ရှိနေခဲ့ပါတယ်။ အနီးမှာတော့ သွေးစွန်းနေတဲ့ ဓDarrတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ထွက်ဆိုချက်
သေဆုံးသူရဲ့ အသက် ၄၀ အရွယ် ခင်ပွန်းဖြစ်သူဟာ အခင်းဖြစ်ပြီးနောက် တန်းလျားအောက်ထပ်မှာ ရဲတပ်ဖွဲ့ကို စောင့်နေခဲ့ပြီး စကားပြန်မှတစ်ဆင့် ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။
သူ ဟင်းချက်နေချိန် ဇနီးဖြစ်သူက အခြားအမျိုးသားတစ်ဦးထံ ဖုန်းခေါ်ဆိုပြီး အဲဒီအမျိုးသားနဲ့ အတူနေချင်တာကြောင့် ကွာရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

သူတို့မှာ ကလေးတစ်ယောက်ရှိနေတဲ့အတွက် ပြန်လည်စဉ်းစားပေးဖို့ တောင်းပန်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ဖုန်းလုယူရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။
နောက်ဆုံးမှာတော့ ဒေါသမထိန်းနိုင်တော့ဘဲ မီးဖိုချောင်သုံးဓားနဲ့ ဇနီးဖြစ်သူကို အကြိမ်ကြိမ် ထိုးခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အဆိုပါ မြန်မာအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး လူသတ်မှုစွဲချက်နဲ့ အရေးယူဆောင်ရွက်နေပါတယ်။


Leave a Reply