လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ)

လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ ၂၂ ရက် ယမန်နေ့နံနက်ပိုင်းက

ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးငယ်တစ်ဦး ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး

၎င်းမိန်းကလေးငယ်တွင် ဓားခုတ်ခံရမှုကြောင့် လက်၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်မှုသည် ဇွန်လ ၂၂ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်တွင် လားရှိုးမြို့၊ ထင်းရှူးမြိုင်အတက်လမ်းရှိ သံပန်းသံတံခါးလုပ်ငန်းဆိုင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အဆိုပါမိန်းကလေးငယ်အား အမည်မသိလူစုက ဓားဖြင့်ခုတ်၍ ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိရသူများထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *