📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တိုင်းရင်းသားအဖွဲ့တို့ ထိန်းချုပ်ထားသည့်နယ်စပ်များ ရအောင် ပြန်ယူမည်ဟု မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံ၌ နယ်စပ်ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားချိန် နယ်စပ်ဒေသစီမံခန့်ခွဲရေး သည် အာဏာသိမ်းအစိုးရနှင့်သာ သက်ဆိုင်ပြီး အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း Phonix မီဒီယာနှင့် အင်တာဗျူး၌ ပြောသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းကို ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းသမ္မတက “ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ် အနေအထားမှာ နယ်စပ်ဒေသလုံခြုံအေးချမ်းရေးက အားနည်းပါတယ်။

ဒါက နှစ်ဖက်အစိုးရတွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ နယ်စပ်ဒေသ စီမံခန့်ခွဲမှုက အစိုးရနဲ့ပဲဆိုင်ပါတယ်။ အစိုးရကပဲ လုပ်လို့ရတယ်။

တခြားအဖွဲ့အစည်းက ဝင်လုပ်လို့မရပါဘူး။ နယ်စပ်ဒေသ စီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ရအောင်ဖန်တီးရမှာ ဖြစ်ပါတယ် ”ဟု ပြောသည်။

နယ်စပ်ဒေသများတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု လုံခြုံရေးနှင့်ပတ်သက်၍ ယခင်က အခက်အခဲများ ရှိခဲ့သော်လည်း ယခု ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကာ အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း၊

လက်ရှိ လုံခြုံရေး အကာအကွယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ လုပ်ဆောင်ပေးနေကြောင်းလည်း ထည့်သွင်းပြောသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသရှိ အချို့ကိစ္စရပ်များသည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများကြောင့် ဖြစ်လာသည့် ပြဿနာများဖြစ်ပြီး ဥပဒေနှင့်အညီ လွှတ်တော်တွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နယ်စပ်ဒေသ၌ ဥပဒေချိုးဖောက်မည့် လုပ်ငန်းများ မလာရဲအောင် နှစ်ဖက်စလုံး ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး၊ ပြည်တွင်းလုံခြုံရေးအတွက် စစ်တပ် တာဝန်ယူလုပ်ဆောင်ပေးနေသလို တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရန် အဖွဲ့အစည်းများကိုလည်း ခွင့်ပြုပေးထားကြောင်း ပြောသည်။

အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသအများစုကို တိုင်းရင်းသားတော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားရာ တရုတ်-မြန်မာနယ်စပ်များအနက် မူဆယ်တခုသာ စစ်တပ်က ထိန်းချုပ်ထားသည်။

ပုံစာ- မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသော ရှမ်းမြောက် ၁၀၅မိုင်ဂိတ်ကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်/ ဧရာဝတီ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်