📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဗန်းမော်မြို့ စစ်အင်အားထပ်ပို့ဖို့ စစ်တပ်က မန္တလေးဆိပ်ကမ်းမှာ ပြင်ဆင်နေ

ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကနေ ဂေါ်ဝိန်ဆိပ်ကမ်းကို စစ်ကားကြီး(ဖောကား)တွေနဲ့ ရိက္ခာ၊လက်နက်ခဲယမ်းတင်နေတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

စစ်တပ်က မနေ့က ညနေပိုင်းမှာ စစ်ကား ၁၀စီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဂေါ်ဝိန်ဆိပ်ကမ်းကို ပစ္စည်းတွေ ပို့နေတာလို့ မြို့ခံတွေကပြောသလို Revolution Of MDY ကလည်း အတည်ပြုဖော်ပြထားပါတယ်။

လက်ရှိအချိန်ဟာ ဧရာဝတီမြစ်ဟာ ရေတက်ချိန်ဖြစ်ပြီး စစ်သ‌‌င်္ဘောတွေ သောင်တင်တဲ့ အန္တရာယ်မရှိတော့ဘဲ လွယ်လွယ်ကူကူသွားလာနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ထပ်မံပြီး ရေလမ်းကို အသုံးပြုဖို့ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေက ပြောပါတယ်။

“အခုချိန်က ရေအရမ်းတက်နေတယ်။ ကျွန်းတွေတောင် မြှုပ်နေပြီ။ ဒီအချိန် သင်္ဘောတက်ရင်တော့ စစ်ကောင်စီအတွက်ပိုမြန်နိုင်တာပေါ့”လို့ မြစ်ကမ်းအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းအပတ်စဉ် (၂၂)ဆင်းပြီးချိန်မှာ မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို မန္တလေး- မြစ်ကြီးနားလမ်းကနေတဆင့် စစ်ကူပို့ဖို့ကြိုးစားခဲ့ပေမယ့် ရွှေကူမြို့အနီးကနေ စစ်ကြောင်းတိုက်ခိုက်ခံနေရပြီး ယနေ့အထိ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့လည်း ကချင်သတင်းအရင်းမြစ် တွေဆီကနေ သိရပါတယ်။

တဖက်မှာလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ်(၂၄) ဟာ ယခု ဇွန်လ ၂၉ ရက်မှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ၊ဆင်ပွတ်ကြီးရွာအနီး ခလရ (၁၁၉)နဲ့ (၁၁၆)တို့မှာ သင်တန်းဆင်းမယ်လို့ သိရပါတယ်။

ယခင်ကတည်း စစ်မှုထမ်းအပတ်စဉ်တစ်ခု သင်တန်းဆင်းတိုင်းစစ်တပ်က ယခုလို ရှေ့တန်းအင်အားပို့ ဆောင်တာ တွေပြုလုပ်လေ့ရှိပြီး ယခုတကြိမ်လည်း ဒီအင်အားကိုအသုံးပြုကာ စစ်သင်္ဘောတွေ ဆန်တက်ဖို့ကြိုးစားလာနိုင်တယ်လို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က လက်ရှိပြင်ဆင်နေတဲ့ သင်္ဘောအစီးရေ ၂၀ ခန့်ရှိတယ်လို့ သိရပြီး ၂၀၂၅ ဇူလိုင်လတုန်းကလည်း စစ်တပ်က ရေကြောင်းအသုံးပြုကာ လေယာဉ်အကူနဲ့ အင်အားပို့တာ တွေပြုလုပ်ခဲ့ပါ သေးတယ်။

(၂၀၂၅ ဩဂုတ်လပိုင်းက ဗန်းမော်မြို့စစ်အင်အာပို့သွားတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေက သပိတ်ကျင်းနယ်ထဲမှာ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – NUG)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်