Grade-6 ကျောင်းသား ၂ ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ ၁ ဦးသေ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် Grade -6 ကျောင်းသားလူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ကျောင်းသားတဦး ယမန်နေ့ (ဇွန်လ ၂၃ ရက်နေ့) မွန်းလွဲပိုင်းက ဓားဖြင့်အထိုးခံခဲ့ရခြင်းဟု ဆိုသည်။

“သွေးတွေထွက်ပြီး လဲနေတာကို ပတ်ဝန်းကျင်ကတွေ့လို့ လူနာတင်ယာဉ်ခေါ်ပေးလိုက်တာ။ အဲ့ဒီအခါကျမှ ဓားနဲ့လည်ပင်းကို အထိုးခံရထားမှန်းသိကြတယ်။ ကလေးကတော့ သွေးထွက်လွန်ပြီး ဆေးရုံကို သွားတဲ့လမ်းမှာတင် သေဆုံးသွားပါတယ်” ဟု အမရပူရ ဒေသခံတဦးက ပြောသည်။

ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့သူသည် ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်နေသည့် အသက် ၁၅ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ထူးထက်အောင်ဆိုသူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တခြားကျောင်းသားတဦးနှင့် ကျောင်းရှေ့တွင် စကားများရန်ဖြစ်ရာမှ ဓားဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်။ မည်သည့်အကြောင်းကြောင့် စကားများရန်ဖြစ်ရခြင်း ဖြစ်ကြောင်း မသိရသေးပေ။

ဓားထိုးမှုကျူးလွန်ခဲ့သူမှာ အတန်းတူ ပညာသင်ကြားနေသည့် မောင်မောင်တိုးဆိုသူ ကျောင်းသားဖြစ်ပြီး ၎င်းကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

“ဖြစ်တဲ့နေ့မှာပဲ ဓားနဲ့ထိုးတဲ့ ကောင်လေးကို ဖမ်းထားပါတယ်။ ကျူးလွန်ရာမှာသုံးတဲ့ ဓားကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။” ဟု အမရပူရ ဒေသခံက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် Grade – 6 ကျောင်းသားတဦး၏ ပျမ်းမျှအသက်သည် ၁၁ နှစ်မှ ၁၂ နှစ်အရွယ်ကြား ရှိလေ့ရှိသည်။

ယခုဖြစ်စဉ်တွင် Grade -6 ကျောင်းသားနှစ်ဦး၏ အသက်သည် ၁၄ နှစ်နှင့် ၁၅ နှစ် ဖြစ်နေသည့်အပေါ် မန္တလေးဒေသခံတဦးက “နိုင်ငံရေးအခြေအနေကြောင့် ကျောင်းတွေနားပြီး ပြန်တက်တဲ့အတွက် အတန်းတွေငယ်ပြီး အသက်တွေကြီးကုန်ကြတာ။ ဒါကြောင့် ကျောင်းတွေမှာ ဒီလိုပြဿနာတွေ ဖြစ်ကုန်တယ်ထင်ပါတယ်” ဟု မှတ်ချက်ပြုသည်။

အသက် ၁၄ နှစ် ၁၅ နှစ်အရွယ်များသည် ပုံမှန်အနေဖြင့် Grade-9 ကျောင်းသားများ၏ အသက်အရွယ်ဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ထိုးခဲ့သည်ဟုဆိုသူ ကျောင်းသားကို အမရပူရနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ ရာဇသတ်ကြီးပုဒ်မ-၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းအချို့တွင် ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်နေပြီး လူသေဆုံးမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြို့နယ်တခုတွင် Grade -6 ကျောင်းသားတဦးကို လူငယ်အုပ်စုတစုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့သည့် ဗီဒီယိုဖိုင်ကို Grade -6 ကျောင်းသား၏ မိသားစုဝင်တဦးက လူမှုကွန်ရက်တွင် မျှဝေဖော်ပြမှု ရှိခဲ့သည်။

အတန်းဖော်ချင်း ရန်စရာကနေ လက်လွန်ပြီး အသက်ပါ ဆုံးရှုံးသွားရတဲ့ ၆ တန်းကျောင်းသားလေး

ကျောင်းတက်နေတဲ့ အရွယ်လေးတွေမှာ အခုလိုမျိုး ကြမ်းတမ်းတဲ့ 3ားထိုးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေဟာ ကြားရသူတိုင်းအတွက်တော့ တကယ့်ကို ရင်လေးစရာ ကောင်းလွန်းလှပါတယ်။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ Grade-6 ကျောင်းသားလေးတစ်ဦးရဲ့
Aသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်အကြောင်းကို မိဘပြည်သူတွေ သတိပြုမိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

🔪 ကျောင်းရှေ့မှာတင် ဖြစ်ပွားခဲ့တဲ့ အဖြစ်ဆိုး

ဇွန်လ (၂၃) ရက်နေ့၊ နေ့လယ်ပိုင်းက အမရပူရမြို့နယ်၊ ယဉ်တော်စံကျေးရွာရှိ မူလွန်ကျောင်းရှေ့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် (၁၅) နှစ်အရွယ် Grade-6 ကျောင်းသား မောင်ထူးထက်အောင် ဟာ ယာဘက်လည်ပင်းမှာ ပြင်းထန်တဲ့ ထိုးသွင်း3ဏ်ရာနဲ့ သွေး-လွ-န်ပြီး– လဲကျနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့်လည်း လမ်းခရီးမှာတင် aသက်ဆုံးရှုံးသွားခဲ့ရရှာတာပါ။

🗣️ လူငယ်ချင်း ရန်စရာကနေ လက်လွန်သွားခြင်း

“လူငယ်ချင်း ရန်ဖြစ်ကြရင် လက်လွန်သွားတာပါ။ အရင်ကတော့ သူတို့နှစ်ဦးကြားမှာ ရန်ငြှိူးရန်စ လုံးဝမရှိပါဘူး” လို့ မြို့မိမြို့ဖ တစ်ဦးက ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဓားနဲ့ ထိုးခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် မောင်မောင်တိုး (ခ) ငတိုး ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ (၉) လက်မအရွယ် 3ားနဲ့အတူ အခင်းဖြစ်နေရာအနီးမှာပဲ ဖမ်-းဆီး-ရ-မိခဲ့ပြီး ဥပဒေနဲ့အညီ Aမှု-ဖွင့် အရေးယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

⚠️ ကျောင်းဝန်းကျင်မှာ ဆက်တိုက် ဖြစ်ပွားနေတဲ့ အခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ 3းထိုးမှုဖြစ်လို့ ကျောင်းသူ/ကျောင်းသား (၃) ဦး 3ဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလတုန်းကလည်း ရွှေပြည်သာမြို့နယ်မှာ Grade-7 ကျောင်းသား တစ်ယောက် ရန်ဖြစ်ရာကနေ tayဆုံးခဲ့ပါတယ်။

မေလတုန်းကလည်း လားရှိုးမြို့မှာ ကျောင်းသူတွေကို အုပ်စုဖွဲ့ ရိုက်နှက်အနိုင်ကျင့်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ကျောင်းနေ အရွယ်လေးတွေရဲ့ ဘဝမှာ အခုလို အကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ မိဘတွေ အနေနဲ့ သားသမီးတွေကို အနီးကပ် စောင့်ကြည့်လမ်းညွှန်ပေးဖို့ လိုအပ်နေပါပြီ။ ဒီသတင်းလေးကို လူငယ်တွေကြားမှာ သတိပြုမိစေဖို့အတွက် အခုပဲ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးလိုက်ကြပါဦးခင်ဗျာ။ 🙏


Comments

Leave a Reply

Your email address will not be published. Required fields are marked *