📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပခုက္ကူနှင့် မြိုင်တွင် ရွေးတုအစိုးရစစ်တပ် အထိနာ

Mi-17 ရဟတ်ယာဉ်တစ်စီး အပါအဝင် စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်လာသည့် အင်အား ၄၀၀ ကျော်ပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ တပ်မှူးအချို့အပါအဝင် ၅၀ ထက်မနည်း သေဆုံးပြီး Mi-17 ရဟတ်ယာဉ်တစ်စီးကိုပါ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ပခုက္ကူမြို့နယ်မှသည် မြိုင်မြို့နယ်အတွင်းအထိ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ခြင်းဖြစ်ပြီး မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအရောက်တွင် စစ်ကောင်စီတပ်များ အထိနာကာ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အကျ အဆုံးများပြားခဲ့သည့်အပြင် ၎င်းတို့၏ ဒဏ်ရာရရှိသူ များကို လာရောက်သယ်ဆောင်သည့် Mi-17 စစ်ရဟတ်ယာဉ်တစ်စီးကိုလည်း တွင်းမပျူစခန်းသို့ ဆင်းသက်စဉ် ပူးပေါင်းအဖွဲ့များက အောင်မြင်စွာ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်တပ်ထံမှ ခဲယမ်းမီးကျောက်အများအပြား၊ စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ယာဉ်ယန္တရားများကိုပါ သိမ်းဆည်းရမိခဲ့သည်။

ယခုစစ်ဆင်ရေးကို မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင် ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ၊ ရေစကြို ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်းများဖြစ်ကြသည့် ၂/၆/၇/၁၂/၁၄/ ၁၀/၁၇/၁၈ ၊ တိုင်းပကဖ စစ်ကြောင်း (၄)၊ ကမ္မတပ်ပေါင်းစု + ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ)၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစုနှင့် 8 + အင်အား စုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အရပ်သားပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ၎င်းတို့စစ်ကြောင်းချီတက်ရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

၎င်းတို့ကြောင့် ဒေသတွင်းရှိ နေအိမ်ခြေ ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး၊ မသန်စွမ်းအမျိုးသား တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးထက်မနည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးတုအစိုးရစစ်တပ်သည် ယခုထက်ပိုမိုရက်စက်ကြမ်းကြုတ်လာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် နေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို မခံရစေရန် ကြိုတင်သတိပြု ရှောင်ရှားကြပါရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းနှိုးဆော်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်