မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) ၏ စစ်ဦးစီးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံလည်းဖြစ်သူ ကိုမုန်တိုင်း၏ ပြည်သူလူထုထံ ထွက်ဆိုရှင်းလင်းထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို ဇွန် ၂၄ ရက် တွင် ပြည်သူ့ထံသို့ ထုတ်ပြန်ချပြခဲ့သည်။
အဆိုပါ ရုပ်သံဖိုင်ကို MDY PDF စစ်ဦးစီးအဖွဲ့ဝင်၊ လေ့ကျင့်ရေးဌာနကြီးမှူးဖြစ်သူ ကိုဖြိုးဝေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗီဒီယိုဖိုင်သည် လွန်ခဲ့သည့် ၂ လခန့်က တော်လှန်ရေးရဲဘော်တစ်ဦးက နယ်မြေဒေသအသီးသီးကို ဖြတ်ကျော်ကာ လူကိုယ်တိုင် လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Leave a Reply