မငြိမ်းစုဝါပြောပြလာတဲ့ MDY PDF အ​ကြောင်း

“နင်က ပြောင်စိုး (စိုးသူရဇော်)အကြောင်း ဘာသိလို့လဲ” တဲ့။

ဒီ Video ကို ရိုက်ထားခဲ့တာက လေးစားတဲ့စိတ်နဲ့ အမှတ်တရလည်း ဖြစ်​အောင် မှတ်တမ်းအနေနဲ့ ယူထားခဲ့တာ။

အဲ့ဒီ့ညမရောက်ခင်လည်း ဒေါက်တာစိုးသူရဇော်ကို မဖိတ်ပေးလို့ဆိုပြီး ကိုယ့်အကိုတယောက်နဲ့ စကားများခဲ့သေးတော့ အဲ့ Private Zoom Meeting လေးက ပြသနာပြေလည်သွားတဲ့အခြေအနေတခုမို့ အမှတ်တရလေးဖြစ်အောင် မှတ်တမ်းတင်ထားခဲ့တာလို့လည်းပြောလို့ရတယ်။

မန္တလေးလို့ ပြောလိုက်တာနဲ့ MDY PDF လို့ပြောလိုက်တာနဲ့ Social Media မှာ လူသိများကြတဲ့ ဒေါက်တာတေဇာဆန်း၊ ဒေါက်တာစိုးသူရဇော် ကို မသိတဲ့သူ ရှားတယ်။

ကိုယ်တွေလည်း အတူတူပဲ။ ဒေါက်တာစိုးသူရဇော်ကို MDY PDF ဦးစီးတည်ထောင်သူ ခေါင်းဆောင်လို့ပါ ထင်ထားတာ။ သိထားတာ။ ခြေသံလုံတဲ့တပ်ကို Media ပေါ်ချပြသလောက်ပဲ သိမှာပေါ့။ မဟုတ်ဖူးလား။

Campaign အတွက် Video ဖိုင် တောင်းတော့ ကိုအော်စမွန်က ကွပ်ကဲရေးမှူးအပြုံးလေးရဲ့ Video ကို ဒီဇင်ဘာ (၇) နေ့မှာ ပေးလာတယ်။

တို့ ကိုကြီးစိုးသူ စိတ်ဆိုးပြီ။ သူက Campaign အောင်ချင်စိတ် တအားများနေတာ။ စိတ်တအားနှစ်တာ။ တအားတက်ကြွတာ။ Online ပေါ်မှာ မပေါက်မှာကိုလည်း စိုးရိမ်နေတာ။

ကိုစိုးသူ၊ မမဝါတို့လင်မယားဆိုတာ တော်လှန်ရေးမတိုင်ခင်နှစ်များစွာကတည်းက နိုင်ငံခြားရောက်နေသူတွေ။ သူတို့နောက်မှာထောက်ပို့အင်အားတခုနဲ့ကို အဖွဲ့လိုက် တော်လှန်ရေးစဖြစ်ပြီဆိုတည်းက ထောက်ပို့အရေးလက်မနှေး ပါဝင်လာကြသူတွေ။

ကိုစိုးသူက တပ်ဘက်က လူသိများသူရဲ့ Video ကို ပေးလာစေချင်တာ။ ဒေါက်တာစိုးသူရဇော် Video မဟုတ်လို့ သူက ​ပြောတာမှာ အစွာတလိုင်းကိုယ်နဲ့ စကားများကြတာ။ လူမသိသေးတဲ့ အပြုံးလေးကို ပွဲထုတ်ပေးတာ ပိုတောင် ကောင်းသေးတယ် ဘာညာဆိုပြီး။ တကယ်က ကိုယ်ကမှ ဒေါက်တာ စိုးသူရဇော် Fan..။ USA Boston Free Burma က မမနွေဦးကံ့ကော်လည်း သူ့ကို တအားလေးစားခဲ့တာပဲ။ လူကြီးတွေနဲ့ စကားဝိုင်းလေး စီစဥ်ကြရအောင် ဆိုပြီး

တပ်ဘက်က စစ်ဦးစီးတွေ.. Campaign ရဲ့ ပင်တိုင်မင်းသားကြီးဖိုးဖိုးမန်းဂျော်နီနဲ့ အန်ကယ်K4 ကြီး နောက် Main Sponserဦးဆောင်သူ တွေပဲပါတဲ့ Private Zoom လေးစီစဥ်ကြမယ်ဆိုပြီး ကိုယ့်အစ်မရယ် မမဉာဏ်ရယ် ကိုယ်တို့ ညီအစ်မသုံးယောက် စီစဥ်ခဲ့ကြတယ်။

ဒေါက်တာစိုးသူရဇော်ကို တအားအားပေးခဲ့တယ်။ ကဗျာမှာပါ ထည့်ရေးခဲ့ပြီး အဲ့ကဗျာပါရွတ်ခဲ့သေးတာ။ သိကြတယ်။ စိုးသူရဇော် Fan ဆိုပြီးလည်း အပြောခံရတဲ့အထိပဲ။ စကားပြောတာ ပညာတတ်ပီသတယ်ပေါ့။ တကယ်ကို ဉာဏ်ပညာနဲ့ နှလုံးသား Balance မျှအောင် ချိန်ညှိပြီး သွားနိုင်တဲ့ ခေါင်းဆောင်မျိုးပဲလို့ ကိုယ်ယုံကြည်ထားခဲ့တာ။

နောက်တော့ အဲ့ဒီ့ကဗျာကို Myday တင်မိချိန်မှာ MDY PDF ရဲဘော်တွေက တယောက်ပြီးတယောက် လာပြောခဲ့ကြတယ်။

“ပြောင်စိုးအကြောင်း ဘာသိလို့လဲ”ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့။ အဲ့နာမည်ကလည်း သူတို့ ပေးထားတဲ့ နာမည်ပြောင်တဲ့။

“MDY PDF ဦးစီးတည်ထောင်သူက ဆရာမုန်တိုင်း..MDY PDF စတော့ လူငယ် (၉) ယောက်နဲ့ စခဲ့တာ

၁။ ကိုမုန်တိုင်း

၂။ ကိုနိုင်ကြီး

၃။ ကိုသီဟန်

၄။ ကိုဖြိုးဝေ (ကဗျာဆရာ မဖဝ)

၅။ ဦးကျော်ဇေယျ

၆။ ကိုအော်စမွန်

၇။ ဦးမင်းမင်း (မတ္တရာမင်းမင်း)

၈။ ကို ANS (တပ်တွင်းမရှိ)

၉။ ချယ်ရီစု (စကစ ဖမ်းဆီးခံခဲ့ရ)

ဆိုပြီး လာပြောတော့မှ “အော်…”ပေါ့။

အသံပဲကြားဖူးတဲ့ ကိုအော်စမွန်ကလွဲပြီး ကျန်တဲ့သူတွေ တယောက်ကိုမှ မသိဘူးလေ…”

အဲ့တာဆို ဒေါက်တာစိုးသူရဇော် ကရောဆိုတော့

“နောက်မှပေါက်တဲ့ ရွှေကြာပင် ၂၀၂၂ (၇) လပိုင်းမှ MDY PDF ထဲရောက်လာတာ မိုးကျရွှေကိုယ်အဖြစ်နဲ့” ဆိုတော့

“ဟမ်”ပေါ့။

ဒါပေမဲ့

“မယုံပေးနိုင်ပါဘူး၊ သူလည်း သူ့အရည်အချင်းနဲ့သူ ရှိနေတာ သိနေမြင်နေရတာပဲ” ပြန်ပြောပြီး စကားဖြတ်လိုက်တယ်။

“လိုင်းပေါ်မြင်တာပဲအမှန်ထင်..အချိန်တန်ရင် သိလာရမှာ..ပြောတာဟုတ်မဟုတ် ကြည့်နေ…” ဆိုပြီး ပြောသွားပါလေရော။

ကြည့်မနေခဲ့ပါဘူး။ ဒါပေမဲ့ သိလာခဲ့ရတာက MDY PDF တပ်တွင်း အာဏာသိမ်းမှုကို ဒေါက်တာစိုးသူရဇော်ဟာ လူတစုနဲ့ ပူးပေါင်းပြီး စနစ်တကျဆောင်ရွက်သွားနိုင်ခဲ့တယ် ဆိုတာကိုပါပဲ။

MDY PDF တပ်တည်ထောင်သူတွေဖြစ်ကြပြီး 1027 Part 1 ရော Part 2 မှာပါ လက်စွမ်းပြခဲ့ကြတဲ့ တကယ်ကို စစ်တိုက်တော်တဲ့ စစ်ဦးစီးအဖွဲ့ဝင်ဟောင်းတွေထဲက နှစ်ယောက်ကို အကြမ်းဖက် ဖမ်းဆီး၊ သုံးယောက်ကို ဖယ်ထုတ်၊ (လူကြားကောင်းအောင် တပ်ကို ထိန်းမတ်ပေးဖို့ဆိုတဲ့ reason နဲ့ တကယ်က ဖယ်ရှားခဲ့တာ။) သူ့စကားနားထောင်မဲ့ သူပြီးရင်ပြီးမဲ့ သူတွေကိုပဲ တပ်ရဲ့ Second Generation ဆိုပြီး နေရာပေးထိုးတင်ပေးခဲ့တာ။

ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးရဲ့ ဦးဆောင်နိုင်စွမ်းက တအားကြီးမားတော့ ဒီနှစ်ယောက်ကို စွပ်စွဲချက်ကောင်းကောင်းတပ်ပြီး ဖမ်းဆီး။

အပြစ်ရှာလို့မရတဲ့သူတွေဖြစ်ပြီး ရဲဘော်တွေအပေါ် သြဇာလွှမ်းနိုင်တဲ့ စစ်ဦးစီးဟောင်းတွေထဲက နှစ်ယောက်ကိုတော့ ၁။ သီဟန် ၂။ မဖဝ ဆိုပြီး နောက်ဆက်တွဲဆက်လက်ဖမ်းဆီးရန်ရှိ အနေအထားနဲ့ Agenda ရှိခဲ့တယ်ဆိုတာ မဖဝ ကိုယ်တိုင်လည်း Speak Out လုပ်ထားတယ်။

ဒီ Post ဒီလောက်ပဲ..ဘယ်လိုတွေ စီစဥ်ခဲ့ကြလဲ ဆက်ပြောမယ်။ အချက်အလက်နဲ့ ပြောနေတာ။ လော်ဘီတွေ တေဇာဆန်း နဲ့ စိုးသူရဇော်ဘက်ကနေ ဖုံးဖိမနေကြနဲ့။

NUG ကို တိုက်ခိုက်နေတာ မဟုတ်ဘူး။

MOD Reform လုပ်ပေးဖို့ တောင်းဆိုရမှာ။ အခုလူတွေဖယ်ဖို့လည်းမဟုတ်ဘူး။ တရားမျှတတဲ့အခင်းအကျင်းကို ပြန်လည်တည့်မတ်ခိုင်းနေတာ။

စစ်ရေး အရည်အချင်းမပြည့်မီသူတွေ ဦးဆောင်နေလို့ စစ်ရှုံးပြီး နယ်​မြေတွေအကုန် ပြန်ပါနေတာရော မြင်လား။

မန်းတိုင်းစစ်ရှုံးသွားတာ ​မြင်ကြလား။

ငြိမ်းစုဝါ


Comments

Leave a Reply

Your email address will not be published. Required fields are marked *