ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတ်တမ်းများကို အခြေခံ၍ ခြေရာခံစုံစမ်းခဲ့ရာ ဇွန်လ ၂၆ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ် (၂၉၀) နေအိမ်တွင် ပြည့်ဝကုန်စုံဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသည့် ဦးအောင်ကျော်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်း ၂ ဦးမှာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်းတို့သည် နေအိမ်ဒုတိယထပ်ရှိ ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခဲ့ပြီး ရေချိုးခန်းအတွင်း သွေးစွန်းနေသည့် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်းနှင့် စကေးဘာတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် နေအိမ်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ ဇွန်လ ၂၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် လွန်ခဲ့သည့် ၈ လခန့်က အလုပ်မှ ထွက်ခွာသွားခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်းများဖြစ်သော ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ နှစ်ဦးသည် နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်း CCTV မှတ်တမ်းများကို အခြေခံ၍ ရဲတပ်ဖွဲ့က ခြေရာခံစုံစမ်းမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ဗိုလ်ထီး (ခ) မျိုးဇော်ကို လှိုင်သာယာမြို့နယ်တွင်လည်းကောင်း၊ ငမျိုး (ခ) မျိုးဇော်အောင်ကို သာကေတမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဆိုင်ပိုင်ရှင်လင်မယားအသတ်ခံရချိန်တွင် ပျူစောထီးများက လမ်းပေါ်တွင် ကင်းလှည့်နေချိန်ဖြစ်ကြောင်းဒေသပြည်သူများထံမှ သိရှိရသည်။


ပိုက်ဆံလိုတယ်ဆိုလို့ သနားပြီး ခေါ်ပေးတဲ့ အလုပ်ရှင်ဟောင်းလင်မယားကို… မူးယစ်ဆေးကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဟောင်း(၂)ဦးက Thatသွားတာတဲ့
လူမိုက်ကို သနားမိရင် ကိုယ့်ဆီ အန္တရာယ်ပြန်ရောက်တတ်တယ် ဆိုတာ တကယ့်ကို မှန်ကန်လွန်းလှပါတယ်။
ဒလမြို့နယ်က သဘောကောင်းလွန်းလှတဲ့ “ပြည့်ဝ” ကုန်စုံဆိုင်ရှင် လင်မယားကို ရက်ရက်စက်စက် အသက်အန္တရာယ် ပြုသွားတဲ့ တရားခံတွေဟာ တခြားသူတွေ မဟုတ်ဘဲ… သူတို့ကိုယ်တိုင် သနားပြီး ပိုက်ဆံခေါ်ပေးခဲ့တဲ့ အလုပ်သမားဟောင်းတွေ ဖြစ်နေတယ်ဆိုတဲ့ ရင်နာစရာ သတင်းအမှန်ကို အားလုံးသိရှိနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
😭 ကျေးဇူးရှင်ကို ပြန်ကိုက်တဲ့ ထောင်ချောက်
ဖြစ်စဉ် အမှန်ကတော့ လွန်ခဲ့တဲ့ (၈) လလောက်က ဆိုင်ရှင်လင်မယားဟာ အဆိုပါ အလုပ်သမား (၂) ဦးကို မူးယစ်ဆေးဝါး သုံးစွဲတဲ့အတွက် အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ ညပိုင်းမှာတော့ အဲဒီ ကောင်လေး နှစ်ယောက်က “သူတို့ မိသားစုတွေ အခက်အခဲ ဖြစ်နေလို့ ငွေကြေးလေး အနည်းငယ် ကူညီပါ” ဆိုပြီး ဖုန်းဆက် အကူအညီ တောင်းခဲ့ပါတယ်။
သဘောကောင်းတဲ့ ဆိုင်ရှင်လင်မယားကလည်း သနားစိတ်နဲ့ ည (၁၀) နာရီခွဲ ဝန်းကျင်လောက်မှာ နေအိမ်ကို လာယူဖို့ ခေါ်လိုက်ချိန်မှာပဲ… ကျေးဇူးဆပ်ဖို့ နေနေသာသာ အလုပ်ထုတ်ခံရတဲ့ အငြိုးအတေးနဲ့ ကျေးဇူးရှင် လင်မယား နှစ်ယောက်စလုံးကို ကိုယ့်အိမ်ထဲမှာတင် ရက်ရက်စက်စက် အသက်အန္တရာယ် ပြုသွားခဲ့ကြတာပါ။
(ဆိုင်က လက်ရှိ အလုပ်သမားတွေ အိမ်ပေါ်တက်ကြည့်မှသာ ဒီအဖြစ်ဆိုးကြီးကို သိလိုက်ရတာ ဖြစ်ပါတယ်။)
🚨 CCTV ကနေတဆင့် တရားခံတွေကို အမြန်ဆုံး ဖမ်းမိ
တာဝန်ရှိသူတွေက CCTV မှတ်တမ်းတွေကို အသေးစိတ် စစ်ဆေးလိုက်တဲ့ အခါမှာတော့… ပြစ်မှုကျူးလွန်သွားသူတွေဟာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားဟောင်း ကိုဗိုလ်စော (ခ) မျိုးဇော နဲ့ ငမျိုး (ခ) မျိုးဇော်အောင် တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သူတို့နှစ်ဦးကို ဒီကနေ့ ဇွန်လ (၂၆) ရက်နေ့ မနက်ပိုင်းမှာပဲ လှိုင်သာယာနဲ့ သာကေတ မြို့နယ်တွေဆီ ထွက်ပြေးပုန်းရှောင်နေချိန်မှာ ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းဆီးရမိခဲ့ပါတယ်။
လတ်တလောမှာတော့ သူတို့ကို ဒလမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) နဲ့ အမှုဖွင့်လှစ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ထားပြီ ဖြစ်ပါတယ်။
ကိုယ်က စေတနာနဲ့ ကူညီလိုက်ပေမယ့် မူးယစ်ဆေးဝါး သုံးစွဲထားသူတွေဟာ လူစိတ် ပျောက်နေတတ်တာမို့… အားလုံးပဲ လူယုံမလွယ်ကြဖို့နဲ့ အခုလို ရင်နာစရာ အဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် ဒီသတင်းလေးကို အခုပဲ လက်ဆင့်ကမ်း ဖြန့်ဝေ ပြီး သတိပေးလိုက်ကြပါဦးခင်ဗျာ။


Leave a Reply