📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး

ကော့သောင်းမှာ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က ပြည့်တန်ဆာအိမ်တစ်အိမ်မှာ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

မနေ့ည ၁၁ နာရီခွဲအချိန်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ ၃ လမ်းရှိ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးနဲ့ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် ဝါရင့်အမျိုးသားတစ်ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်အရ ရောဂါအခံကြောင့် အမောဖောက်ပြီး ဆုံးသွားတာလို့ မှတ်ချက်ပေးထားတယ်” လို့ သူက ပြောပြပါတယ်။

အဆိုပါ လူသေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေလည်း လိုက်လံဖြေရှင်းနေရကာ၊ လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ခံအမျိုးသားကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သေဆုံးသွားတဲ့သူနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ရရှိထားပါတယ်။ လက်ရှိမှာတော့ ပြည့်တန်ဆာခန်းပိုင်ရှင်တွေက လိုက်လံဖြေရှင်းနေရတာပေါ့။ အဲဒီရပ်ကွက်အတွင်းက ပြည့်တန်ဆာခန်းတွေကိုလည်း လောလောဆယ် ခေတ္တယာယီပိတ်ထားဖို့ ညွှန်ကြားထားပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ၂ မိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ရှင်းပြပါတယ်။

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ပြည့်တန်ဆာလုပ်ငန်း လျှို့ဝှက်လုပ်ကိုင်နေတဲ့ နေအိမ် ၁၃ လုံးခန့်အထိ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်