📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပြန်လည်စုဖွဲ့မှုတွေနဲ့ MDY-PDF ပြန်လာပြီ

MDY-PDF က ပြန်လည်စုဖွဲ့လေ့ကျင့်ပြီးပြီမို့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြန်လုပ်တော့မယ်လို့ ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF (အထူးလှုပ်ရှားတပ်မ) အနေနဲ့ တပ်တစ်ခုလုံး ပြန်လည်စုဖွဲ့ လေ့ကျင့်ခြင်းလုပ်ငန်းစဉ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းစဉ်တွေကို လေးလကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ဆင်ရေးတွေကို အပြည့်အ၀ ပြန်လည် ဖော်ဆောင်တော့မယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

MDY-PDF အနေနဲ့ ပြီးခဲ့တဲ့ လေးလတာ ကာလကို ပြန်လည် စုဖွဲ့လေ့ကျင့်ခြင်းတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့သာ ဖော်ဆောင်နိုင်ခဲ့ပြီး လက်ရိမှာ ပြန်လည်စုဖွဲ့ လေ့ကျင့်မှုကာလ ပြီးဆုံးပြီမို့ မဟာမိတ်တွေနဲ့ ပေါင်းကာ စစ်ဆင်ရေးတွေကို အပြည့်အဝ ပြန်လည် ဖော်ဆောင်တော့မယ်လို့ ဆိုပါတယ်။

“လေးလတာ ကာလအတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်မှု သင်တန်း အပတ်စဥ် နှစ်ခုနှင့် အခြားသော စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရှေ့ဆက် ထမ်းဆောင်ရမည့် တော်လှန်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ မိမိတို့အနေဖြင့် အဆိုပါ ပြန်လည်စုဖွဲ့လေ့ကျင့်မှုကာလအတွင်း စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ မိတ်ဖက် တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ စစ်ဆင်ရေးများကို အပြည့်အဝ ဖော်ဆောင်သွားမည် ဖြစ်သည်”

MDY-PDF ဟာ ပြခဲ့တဲ့ ၂၀၂၄ အတွင်း မန္တလးတိုင်းအတွင်းရှိ မတ္တရာ၊ စဉ့်ကူးမြို့နယ်တနယ်လုံး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေရှိ စစ်စခန်းနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်လို့ MDY-PDF နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေကို ပြန်လည် လက်လွှတ်ခဲ့ရပြီး ဆုတ်ခွာခဲ့ရသလို MDY-PDF ကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD က အလုံးစုံ ကွပ်ကဲတဲ့ အထူးလှုပ်ရှားတပ်မအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်