MMA ၁ နှစ်တာ အတိုးတက်ဆုံးဖိုက်တာဆု ဆွတ်ခူးခဲ့တဲ့ ဂျိုရှုအာဗန်

မြန်မာဖိုက်တာ Joshua Van က World MMA Awards တွင် “Breakthrough of the Year” နဲ့ “Fight of the Year” ဆုနှစ်ဆု ဆွတ်ခူး

မြန်မာနိုင်ငံဖွား UFC ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Joshua Van ဟာ MMA လောကရဲံ ဂုဏ်သိက္ခာအမြင့်ဆုံးဆုပေးပွဲများထဲမှ တစ်ခုဖြစ်တဲ့ ၁၇ ကြိမ်မြောက် Fighters Only World MMA Awards မှာ Breakthrough of the Year နဲ့ Fight of the Year ဆု နှစ်ဆုကို ရရှိခဲ့ပါတယ်။

ယခုနှစ် World MMA Awards ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗီးဂတ်စ်မြို့ရှိ SAHARA Theatre at SAHARA Las Vegas မှာ ဇူလိုင်လ ၈ ရက်က ကျင်းပခဲ့ပြီး၊ UFC 329 ရဲ့ International Fight Week အစီအစဉ်နဲ့ တိုက်ဆိုင်အောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ဆုပေးပွဲဟာ ၂၀၂၅ ခုနှစ်မှာ ဆုပေးပွဲမကျင်းပနိုင်ခဲ့ပြီးနောက် ပြန်လည်ကျင်းပတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

Joshua Van ဟာ MMA လောကမှာအလျင်အမြန် တိုးတက်လာတဲ့ တိုက်ခိုက်ရေးသမားအဖြစ် အသိအမှတ်ပြုခံရကာ Breakthrough of the Year ဆုကို ရရှိခဲ့ပြီး၊ ၎င်းနဲ့ Brandon Royval တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲကို Fight of the Year အဖြစ် ရွေးချယ်ခံခဲ့ရကြပါတယ်။

အသက် ၂၄ နှစ်အရွယ် Joshua Van ဟာ ပြီးခဲ့တဲ့နှစ်အတွင်း UFC ဖလိုင်းဝိတ်တန်းတွင် ဆက်တိုက်အောင်ပွဲများ ရရှိခဲ့ပြီး ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သလို၊ MMA လောကတွင် အလျင်အမြန် ထွန်းကားလာတဲ့ စူပါစတားအသစ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ MMA Fighting ကလည်း ၎င်းအား ၂၀၂၅ ခုနှစ်ရဲ့ Breakthrough Fighter of the Year အဖြစ် ရွေးချယ်ခဲ့ဖူးပါတယ်။

Fighters Only World MMA Awards ကို MMA မဂ္ဂဇင်းဖြစ်တဲ့ Fighters Only က နှစ်စဉ် ကျင်းပပေးခြင်းဖြစ်ပြီး UFC၊ Bellator (ယခင်)၊ PFL နဲ့ ကမ္ဘာတစ်ဝန်းရှိ MMA အားကစားသမားများ၊ နည်းပြများ၊ ပွဲစဉ်များနဲ့မီဒီယာလုပ်ငန်းများကို ဂုဏ်ပြုချီးမြှင့်တဲ့ နိုင်ငံတကာအဆင့် ဆုပေးပွဲဖြစ်ပါတယ်။

MMA လောကအတွင်း World MMA Awards ကို “MMA ၏ အော်စကာဆုပေးပွဲ” ဟု တင်စားခေါ်ဝေါ်ကြပြီး၊ UFC ဥက္ကဋ္ဌ Dana White၊ UFC သုံးသပ်သူ Chael Sonnen နဲ့ UFC Hall of Fame အဖွဲ့ဝင်များကလည်း ယင်းဆုပေးပွဲဟာ MMA အားကစားရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုများထဲမှ တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားကြပါတယ်။

Joshua Van အတွက် ယခုဆုနှစ်ဆုဟာ ၎င်းရဲ့ UFC ကစားသမားဘဝအတွင်း အရေးပါဆုံး နိုင်ငံတကာဂုဏ်ပြုဆုများထဲမှ တစ်ခုဖြစ်လာသလို၊ မြန်မာနိုင်ငံဖွား MMA အားကစားသမားတစ်ဦးအနေဖြင့် ကမ္ဘာ့ MMA လောကမှာ နာမည်ကျော်ကြားမှု ပိုမိုမြင့်တက်လာစေတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဆုပေးပွဲကို ဒီကနေ့ ဇူလိုင် ၉ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့ရှိ ဆာဟာရပြဇတ်ရုံမှာ ပြုလုပ်ခဲ့တာပါ။

Fighters Only Magazine က ဦးဆောင်ကျင်းပတဲ့ World MMA Awards ဟာ ကမ္ဘာ့ MMA လောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့တဲ့ MMA ပွဲပေါင်း များစွာထဲက ရွေးချယ်ချီးမြှင့်ခဲ့တာပါ။

ဂျိုရှုအာဗန်ဟာ ဒီဆုပေးပွဲမှာ Fight Of The Year (တစ်နှစ်တာအတွင်း အကောင်းဆုံးတွဲဆိုင်းဆု) နဲ့ Breakthrough Fighter Of The Year (အတိုးတက်ဆုံးဖိုက်တာဆု) ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်း ပါဝင်ခဲ့တာပါ။

Breakthrough Fighter Of The Year (အတိုးတက်ဆုံးဖိုက်တာဆု) အတွက် နယ်သာလန်ဖိုက်တာ ဒီရစ်ဒါ၊ အမေရိကန်ဖိုက်တာ ရှောင်ဘရက်ဒီ၊ ဘရာဇီးဖိုက်တာ ဂျင်ဆေးဗား၊ ဗြိတိန်အမျိုးသမီးဖိုက်တာ ဒါကိုတာတို့နဲ့အတူ ဆန်ခါတင်စာရင်း ပါဝင်ခဲ့ကာ နောက် ယင်းဖိုက်တာတွေကို ကျော်ဖြတ်ပြီး ဗန်က ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *