ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး

ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး

စစ်အုပ်စုဘက်က ပိတ်ဆို့ပြီး အားလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရုပ်သံဖိုင် ဖော်ပြ

မနေ့က မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့မှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံးခဲ့ပါတယ်။

စလေနဲ့ရေနံချောင်းအကြားက ကျေးရွာတွေကို မွေနှောက်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးရဲဘော်တွေ ဇူလိုင်လ ၁၀ ရက်နေ့မနက်က တောင်သာကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန််ရေးရဲဘော် ၂၀ ဦးလောက် ကျဆုံးခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက အတည်ပြုမထုတ်ပြန်လာသေးပေမယ့် ထွက်ပေါ်ခဲ့ပြီးသား သတင်းတွေအရတော့ တော်လှန်ရေးရဲဘော်တွေ စစ်အုပ်စုရဲ့ ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခြင်း ခံလိုက်ရတာလို့ သိရပါတယ်။

အဲ့ဒီ တိုက်ပွဲနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း အာဏာသိမ်းစစ်အုပ်စုဘက်က ထုတ်ပြန်လာပါတယ်။

ရုပ်သံဖိုင်အရ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်အုပ်စုက သုံ့ပန်းအဖြစ် ဖမ်းဆီးတာမျိုးမရှိဘဲ သတ်ဖြတ်ဖို့ အမိန့်ပေးနေခဲ့တာ တွေ့ရပါတယ်။

စစ်အုပ်စုဟာ ဝါဇီအထိုင်တပ်၊ စလေမြို့အထိုင်စစ်ကြောင်းနဲ့ ပုဂံ-ညောင်ဦးမြို့အထိုင်တပ်တွေကနေ အင်အား ၃၀၀ ခန့်နဲ့ ချောက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးမွေနှောက်နေတာ တစ်လလောက်ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်အုပ်စုစစ်ကြောင်းမီးရှို့သွားလို့ ချောက်မြို့နယ် ကျေးရွာ ၁၀ ရွာခန့်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

တိုက်ပွဲမှာ သေနတ်အမျိုးအစားအစုံ အလက် ၂၀ နဲ့ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း စစ်အုပ်စုဘက်က ဖော်ပြနေကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *