📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဘုရားဆင်းတုတွေပါ ပျက်စီးခဲ့ရတဲ့ သံဖြူဇရပ်လေဆင်နှာမောင်း

သံဖြူဇရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၄၀ ကျော် ပျက်စီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဘုရားစေတီတစ်ဆူနှင့် လူနေအိမ် ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့ပေါ်ရှိ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်နှင့် ဝယ်ကဝါကျေးရွာတို့တွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမညဇိန ထိုင်တော်မူဘုရားကြီးဝင်းအတွင်းမှ ထိုင်တော်မူဘုရားကို မိုးထားသည့် အမိုးတစ်ခုလုံး ပြိုကျပျက်စီးခဲ့သည့်အပြင် ယင်းရပ်ကွက်အတွင်းရှိ လူနေအိမ် (၂) လုံးလည်း ပျက်စီးခဲ့သည်။

ထို့အတူ အောင်ဇေယျတိုးချဲ့ရပ်ကွက်တွင်လည်း လူနေအိမ် (၃၃) လုံးထက်မနည်းနှင့် စာသင်ကျောင်း (၁) ကျောင်းတို့၏ အမိုးများ လန်ထွက်ပျက်စီးခဲ့ရသည်။

လေဆင်နှာမောင်း တိုက်ခတ်စဉ် လေတိုက်နှုန်း အလွန်ပြင်းထန်ခဲ့ပြီး လမ်းမများပေါ်တွင် သစ်ပင်ကြီးများနှင့် လျှပ်စစ်မီးတိုင်များ ပြိုလဲကာ လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ “လေကတော်တော်ကြမ်းတယ်။ သစ်ပင်တွေလည်းလဲ၊ ကျိုက်ရာမညဇိနဘုရားကို မိုးထားတဲ့ အမိုးကြီးဆို တစ်ခုလုံးကို ပြိုကျသွားတာ။ လူထိခိုက်မှု မရှိတာပဲ တော်သေးတယ် ပြောရမယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်အထိ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ယခုကဲ့သို့ လေဆင်နှာမောင်း တိုက်ခတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင်ကလည်း ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကဒါမြို့သစ်အောက်ခြမ်းသို့ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်အပါအဝင် အဆောက်အအုံ ၇၀ နီးပါး ပျက်စီးခဲ့ပြီး သံဃာတော် (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်