မြစ်ကြီး ၅ စင်းစိုးရိမ်ရေအမှတ်ရောက်နေပြီ..ကြိုတင်ပြင်ဆင်ကျပါ
မိုးတွင်းကာလကို ရောက်ရှိလာတာနဲ့အမျှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေဘေးအန္တရာယ်ကို အထူးသတိထားနေကြရပါပြီ။
အခုလည်း မြစ်ရေတွေ အမှတ်စဉ်ဆက်တိုက် မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့်အပြင်၊ တချို့မြစ်တွေဆို စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီဖြစ်လို့ မိဘပြည်သူတွေ အချိန်မီ သိရှိရှောင်ရှားနိုင်ဖို့ အရေးပေါ် သတင်းပေး တင်ဆက်လိုက်ပါတယ်။
🌊 စိုးရိမ်ရေမှတ်ကို ရောက်ရှိတော့မယ့် မြစ်များနှင့် မြို့နယ်များ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ (ဇူလိုင် ၁၁ ရက်) တိုင်းထွာချက်များအရ အောက်ပါမြစ်ရေတွေဟာ အချိန်တိုအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေ – ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲကျော်သာ လိုတော့ပြီး နောက် (၃၆) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေ – ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်သာ လိုတော့ပြီး နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။
ဘီးလင်းမြစ်ရေ – ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်သာ လိုတော့ပြီး နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။
⚠️ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ထပ်မံမြင့်တက်မည့် မြစ်များ
ရွှေကျင်မြစ်ရေ – ရွှေကျင်မြို့တွင် လက်ရှိ၌ စိုးရိမ်ရေမှတ်အထက် (၁) ပေကျော် ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း ပေဝက်ခန့် ထပ်မံ မြင့်တက်လာနိုင်ပါတယ်။
စစ်တောင်းမြစ်ရေ – မဒေါက်မြို့တွင် လက်ရှိ၌ စိုးရိမ်ရေမှတ်အထက် (၁) ပေခွဲကျော် ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၁) ပေခန့် ထပ်မံ မြင့်တက်လာနိုင်ပါတယ်။
📢 အထူး သတိပေး နှိုးဆော်ချက်
ထို့ကြောင့် ဟုမ္မလင်း၊ ဘားအံ၊ ဘီးလင်း၊ ရွှေကျင်နှင့် မဒေါက် မြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူ ပြည်သူများ အနေဖြင့် အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်နှင့် မြစ်ရေများ ရုတ်တရက် မြင့်တက်လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ကြရန် အထူး သတိပေး နှိုးဆော်အပ်ပါတယ်။
ကိုယ့်ရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေထဲမှာ အထက်ပါ မြို့နယ်တွေမှာ နေထိုင်သူတွေ ရှိခဲ့ရင် အချိန်မီ သိရှိပြီး ကြိုတင် ပြင်ဆင်ထားနိုင်ဖို့အတွက် ဒီအရေးပေါ် သတိပေးချက် သတင်းလေးကို အခုပဲ ချက်ချင်း ဖြန့်ဝေ ပြီး သတိပေးလိုက်ကြပါဦးနော်။









Leave a Reply