မနက်စောစော ဆိုက်ကားထနင်းရင်း

ရန်ကုန်မြို့မှာ ဆိုက်ကားသမားတစ်ဦး ဆိုက်ကားနင်းနေရင်း သေဆုံး

ရန်ကုန်မြို့၊ ကမ်းနားလမ်းအနီး ဆိုက်ကားသမားတစ်ဦး ဆိုက်ကားနင်းနေရင်း သေဆုံးမှု ဒီကနေ့ မနက်အစောပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်သူနဲ့ မျက်မြင်တွေ့ရှိခဲ့သူတချို့က ပြောပါတယ်။

“၇ နာရီလောက်က ဖြစ်တာ လမ်း‌မပေါ် မှာပဲ။ ခရီးသည်တော့ မပါဘူး။နင်းနေရင်း ဆိုင်ကားလက်ကိုင်ရှေ့ခေါင်းငိုက်စိုက်ကျသွားတာ”လို့ ဖြစ်စဉ်ကို တွေ့ရှိခဲ့သူက ပြောပါတယ်။

သေဆုံးသူဟာ အသက်(၅၀)အရွယ်၀န်းကျင်ဖြစ်ပြီး ကမ်းနားလမ်းတဝိုက် ဆိုက်ကားပုံမှန်‌ပြေးဆွဲနေသူလို့ ကူညီကယ်ဆယ်ခဲ့သူတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ စစ်ရသလောက်ဆိုရင် ဦးနှောက်သွေးကြောပြတ်သွားတာလို့ ယူဆတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

“မရှိဆင်းရဲသားတွေဘ၀ တကယ်ကို ဒုက္ခ ရောက်နေကြတာ။နေမကောင်းလည်း မနားနိုင်ရှာဘူး။တရက်နားလိုက်ရင် တရက်ထမင်းငတ်ပဲ ဖြစ်နေတဲ့ ဘ၀တွေ”လို့ ဖြစ်ဉ်ကို သိရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

၂၀၂၁ စစ်တပ် အာဏာလုယူချိန်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အတွင်းကျရောက်ခဲ့ရပြီး စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံမှာ ဆယ်စုနှစ် တစ်ဝက်နီးပါး မတည်ငြိမ်မှုများဆီ တွန်းပို့ခံခဲ့ရပြီးမြန်မာနိုင်ငံသား ၅သန်းကျော်မှာ ဆင်းရဲမွဲတေသွားတယ်လို့ ပြီးခဲ့တဲ့ဇွန်လမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

သေခြင်းတရား 😢

မနက် စောစော ဆိုက်ကား ထနင်းရင်း…..

ရုတ်တရက် သေဆုံးသွားသော ဆိုက်ကား ဆရာကြီးအား…..

ဖြစ်စဉ်နေရာ ကမ်းနာလမ်း နှင့် ဗိုလ်ဆွန်ပတ်လမ်း မှ…..

YGH ရေခဲတိုက်သို့ အခမဲ့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ပါသည် 🚑

သူ့ သိတဲ့သူ တစ်ယောက်ကရောက်လာပြီ…..

ညကပဲ သူနဲ့ တွေ့လို့ စကားပြောဖြစ်သေးတယ် ၊

ခုတော့ သွားပြီပေါ့လေ 🥺

အော… 6သခြင်းတရား ၊ နေ့မြင် ညပျောက် ၊

ညမြင် နေ့ပျောက် ၊ လက်တကမ်းပါပဲ 🙏🏻

ကိုပူတူးနှင့်ဘော်ဒါများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *