အာဏာရူးတွေကြောင့် ပြည်သူ ရဲဘော် ၂၀ ဦး ကျဆုံးသွားရတဲ့ အပေါ် ဝမ်းနည်းကြောင်း ပြောပြလာတဲ့ ကိုခါရာ
မင်းတို့ငါတို့အားလုံး ကိုယ်စီမက်နေကြတဲ့အိမ်မက်တွေ တန်းတူညီမျှတဲ့လူ့အခွင့်ရေးရဖို့ ဖားယားစရာမလိုပဲ တရားမျှတဖို့ လူငယ်တွေရှေ့တန်းမှာ အသက်တွေပေးနေကြတယ်။
ဒါငါတို့နိုင်ငံရဲ့အရှိတရားပဲ။
ဒီပေးဆပ်မှုတွေ အလကားမစေရဘူး။
ငါတို့ပိုပြတ်သားရမယ်၊ နိုင်တာထက်ပိုထမ်းရမယ်။
စိတ်တိုတာမဟုတ်ဘူး။
အရှိတရားကို အသိဝင်စေချင်တာ။
အနာဂတ်မျိုးဆက်သစ်လူငယ်တွေ အသက်ပေးနေကြတာတွေက ဒီအာဏာရူးတွေကြောင့်ပဲ။
အာဏာရူးတွေကြောင့်ဖြစ်ရတာ။
ဘယ်တုန်းကမှ တိုင်းပြည်အပေါ်စေတနာမရှိခဲ့ဘူး။
ဒါသူတို့ရဲ့အတွေးခေါ်နဲ့ လုပ်ရပ်တွေ။
ဝဋ်ကြွေး လို့ခေါင်းစဉ်မတပ်စေချင်ဘူး။
နောက်တစ်ခုက အာဏာရူးတွေ ရူးချင်တိုင်းရူးလို့ရနေကြတာကလည်း ရူးခွင့်ပေးထားကြလို့။
တစ်သက်လုံး အာဏာရှင်တွေအောက်မှာမနေချင်ရင် ကိုယ့်အတွေးခေါ်တွေ လုပ်ရပ်တွေကို ပြန်သုံးသပ်ကြပါ။ အသိသတိနဲ့ ပြင်ဆင်ကြပါ။
“ငါတို့တွေ ငါတို့လိုချင်တဲ့ စနစ်ကိုပြန်တိုက်ယူရင်း ကိုယ်တိုင်ပြုပြင်ပြီး ပြန်လည်တည်ဆောက်ကြမယ်။ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကို တော်လှန်ရင်း မဖြစ်သေးတာကို ဖြစ်နိုင်တယ်လို့ ယုံကြည်ပြီး အပြောသက်သက်မဟုတ် တာဝန်ကိုယ်စီနဲ့ ရှေ့ဆက်နေတဲ့လူတွေနဲ့ပဲ လက်ချင်းချိတ်ကြမယ်”
ခါရာ


Leave a Reply