ရန်ကုန် တောင်မြောက် လမ်းဆုံမှာ အမောဖောက်တဲ့ စတိုင်နဲ့ လူတွေကို ဂျင်းထည့်ပြီး အလှူခံနေတဲ့ အကယ်ဒမီရှော့ ဖွားဖွားနဲ့ ဖိုးဖိုး စုံတွဲကတော့ ပြည်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကားလမ်းဘေးမှာ ဂျင်းထည့် အလှူခံတဲ့ အကွက်ကို လိုင်းပေါ်မှာ လူသိများသွားပြီးတဲ့နောက် ဇလွန်မြို့၊ ဟင်္သာတမြို့တို့ကို သွားခဲ့ပြီး ယခုအချိန်မှာ ပြည်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
လုပ်စားနေကြ အကယ်ဒမီရှော့ စတိုင်ကတော့ လူစည်ကားတဲ့ လမ်းဘေး တနေရာမှာ အဖွားက အမောဖောက်နေပုံနဲ့ အဖိုးရဲ့ ရင်ခွင်ထဲမှာ ဟန်ဆောင်လှဲချမှာ ဖြစ်ပါတယ်။
အဲဒီအကွက်ကြောင့် အဖိုးနဲ့ အဖွားကို ရင်ခွင်နန်းတော် အကယ်ဒမီရှော့ အဖွားနဲ့ အဖိုး စုံတွဲလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။
သနားကရုဏာ ဖြစ်သူက ဆေးရုံဆေးခန်း ခေါ်သွားမယ်ဆိုရင် မလိုက်ဘဲ အလှူငွေပဲ ရအောင် တောင်းပါလိမ့်မယ်။
အလှူငွေ ရသွားရင်တော့ အဖွားဟာ အမောဖောက်နေရာကနေ ရေထိတဲ့ပန်းလို ချက်ချင်း လန်းဆန်းလာတာကို အံ့အားသင့်ဖွယ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
အဖွားနဲ့ အဖိုးအကြောင်း ရန်ကုန်မှာ သိသူများလာတာကြောင့် နယ်ကို ဆင်းပြီး အကယ်ဒမီရှော့နဲ့ လုပ်စားနေကြတာ ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
အဖွားရဲ့ အကယ်ဒမီရှော့ သရုပ်ဆောင်ကွက်များ


Leave a Reply