📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကလေးငယ်များကို အသုံးချ၍ ရထားသံလမ်းထိန်းကလစ်များ ခိုးယူသည့် ဂိုဏ်း

ရှမ်းတောင်တွင် ကလေးငယ်များကို အသုံးချ၍ ရထားသံလမ်းထိန်းကလစ်များ ခိုးယူသည့် ဂိုဏ်းအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်းကလစ် ၁,၀၀၀ ကျော် ခိုးယူခံခဲ့ရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများနှင့် လက်ခံဝယ်ယူသူအား ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ သံလမ်းတာဝန်ခံ ဦးဝင်းမင်းထွန်းက ရထားလမ်းပိုင်းအား လှည့်လည်စစ်ဆေးစဉ် ရေထွက်ဦးဘူတာနှင့် ထီသိမ်ဘူတာအကြား မိုင်တိုင်အမှတ် ၄၁၉/၂၃ နှင့် ၄၂၀/၃ ကြား၌ ရထားသံလမ်းထိန်းကလစ် ၁,၀၆၁ ခု ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျောက်ဆုံးသွားသည့် ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ် ၃ သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပျောက်ဆုံးသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦး၏ ထွက်ဆိုချက်အရ ဘုရားဖြူရပ်ကွက်၊ ဩတချောင်းအတွင်းမှ ကလေးငယ် ၁၀ ဦးခန့်သည် လွန်ခဲ့သည့် ၁၀ ရက်ခန့်ကတည်းက သံလမ်းထိန်းကလစ်များကို ဖြုတ်ယူနေသည်ကို တွေ့ရှိခဲ့ရကြောင်းပြောပြသဖြင့် ခိုးယူမှုကို သိရှိခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများက ကလေးငယ်များကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် ၎င်းတို့အနေဖြင့် သံလမ်းထိန်းကလစ်များကို ကျောက်ခဲများဖြင့် ထု၍ ဖြုတ်ယူခဲ့ကြောင်းနှင့် ဘုရားဖြူရပ်ကွက်၊ ဩတချောင်း ဧည့်ရိပ်သာလမ်းရှိ သံတိုသံစရောင်းဝယ်ရေးဆိုင်သို့ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ကလေးငယ်များ၏ ထွက်ဆိုချက်အရ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက သံတိုသံစရောင်းဝယ်သူ ဦးဝင်းလှိုင်ဦး၏ နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ ၎င်းကို ဆိုင်အတွင်းတွင်ပင် တွေ့ရှိခဲ့ပြီး ဝယ်ယူထားသည့် သံလမ်းထိန်းကလစ် ၂၇၉ ခုကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် သံလမ်းထိန်းကလစ်များ ခိုးယူခဲ့သည့် ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူခဲ့သူ ဦးဝင်းလှိုင်ဦးတို့ကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး နောက်ဆက်တွဲ ပြစ်မှုများ ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်