📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေကြည်မှာ DB တွေ ပြန်ဆွဲပြေးနေရပြီ

ရေကြည်မြို့နယ် ပွိုင့် ၂၂၇ ကာကင်းစခန်း ပြန်ရရေး ရွေးတုစစ်တပ် စစ်ကြောင်းထိုး၍ AA နှင့် တိုက်ပွဲများ ပြင်းထန်၊ အလောင်းနှင့် လူနာများ ပြန်ဆွဲပြေးနေရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း လက်လွှတ်လိုက်ရသည့် ပွိုင့် ၂၂၇ ကာကင်းစခန်းများကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိကြောင်း သိရသည်။

AA 646758679 1291309289763341 5672870575272908313 N

AA သည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များတွင် စစ်တပ်၏ ပွိုင့် ၂၂၇ ကာကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ စခန်းများကို ပြန်လည် ရရှိရေးအတွက် တပ်မ (၆၆) လက်အောက်ခံတပ်များနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်မှ ထုတ်နှုတ်တပ်ရင်းများကို အသုံးပြုကာ ရေကြည်မြို့နယ်ဘက်သို့ အင်အား အမြောက်အမြားဖြင့် စစ်ကြောင်းထိုးလျက် ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“စစ်ကြောင်းထိုးနေပေမယ့် တက်လာတိုင်း လူနာနဲ့ အလောင်းဆွဲပြီး ပြန်ပြေးနေရတယ်လို့ ကြားနေရပါတယ်။ ပျူစောထီးတွေကို ကျားထိုးတက်ခိုင်းတာက များနေတယ်။ စခန်းတွေ ပြန်ရသွားတယ် လို့တော့ အခုထိ မကြားမိပါဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် လေးမျက်နှာမြို့နယ်ဘက်မှလည်း စစ်တပ်က အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့်အတွက် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ရွေးတုအစိုးရ စစ်တပ်သည် ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီဝန်းကျင်က လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယိုကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ရေကြည်အခြေစိုက် အမြောက်တပ်ရင်း (၃၄၄) မှ တပ်ဖွဲ့ဝင်များကိုလည်း သာပေါင်း မြို့နယ်ဘက်သို့ စေလွှတ်ထားသည့် တပ်များနှင့် အချိတ်အဆက် မိစေရန် စစ်ကြောင်းထိုးခိုင်းလျက် ရှိကြောင်း သိရသည်။လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၏ ပွိုင့် ၂၂၇ ကာကင်းစခန်းအပြင် ပွိုင့် ၁၈၈၊ ပွိုင့် ၂၈၈ နှင့် ပွိုင့် ၁၄၈ စခန်းကုန်းများကိုပါ AA က သိမ်းယူထားခြင်းကြောင့် လက်လွှတ်ထားရသည်။

စစ်တပ်သည် မိုးရာသီကာလအတွင်း ရေကြောင်း အသာစီးရယူကာ စက်ဒေါင့်ကြီးမှတစ်ဆင့် သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်ကြားတွင် တပ်စွဲထားသည့် စစ်စခန်းများသို့ စစ်ကူ၊ ခဲယမ်းနှင့် ရိက္ခာများကို စစ်သင်္ဘော၊ ဇက်ရေယာဉ်များ အသုံးပြု၍ ပို့ဆောင်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်