📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး

တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသားတဦး လည်ပင်းညှပ်မိကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုဇွန်တောင်မြို့နယ်၊ ရေကျော်အိမ်ကြီးလမ်းရှိ တိုက်ခန်းတခု၏ အဝင်တံခါးတွင် အမျိုးသားတဦး သေဆုံးနေသည်ကို ဒေသခံများက ယနေ့ (ဇူလိုင် ၂၃ ရက်) နံနက်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“တိုက်အဝင် သံပန်းတံခါးပေါ်မှာ အပေါ်တက်ရက်သား တန်းလန်းကြီးနဲ့ အမျိုးသားတဦး သေဆုံးနေတာကို ပတ်ဝန်းကျင်က စတွေ့တာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားလိုက်တာပါ။ တံခါးနဲ့ လည်ပင်းညှပ်ပြီး သေဆုံးခဲ့တာပါ” ဟု ဒေသခံတဦးက ပြောသည်။

သေဆုံးခဲ့သည့် အမျိုးသားသည် ဖြစ်စဉ်ဖြစ်ပွားရာ တိုက်ခန်း၏ အပေါ်ဆုံးထပ်တွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်ရှိကြောင်း သိရသည်။

၎င်းသည် တိုက်ခန်းအဝင်တံခါးသော့ ကျန်ခဲ့သည့်အတွက် ကျော်ဝင်ရန် ကြိုးစားစဉ် သံပန်းဘာဂျာတံခါးနှင့် လည်ပင်းညှပ်မိကာ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ပြောဆိုမှုများ ရှိနေသည်။

“တံခါးပိတ်ထားတာ။ အပြင်မှာက သံပန်းလိုလေး ထပ်ကာထားတာ။ ဘီးလုံးနဲ့ ကာထားတဲ့ကြားကနေ တိုးဝင်ရင်း ဖြစ်တာပါ။ ညတည်းက ဖြစ်နေတာနေမယ်ဗျ။ ဒါကြောင့်လည်း သူ အကူအညီတောင်းမရလိုက်တာနေမှာပါ” ဟု ကူညီမှုပြုလုပ်ပေးခဲ့သည့် ကိုပူတူးက လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားထားသည်။

တံခါးညှပ်ကာ သေဆုံးခဲ့သည့် အမျိုးသားကို ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် လုယက်ခိုးယူမှုများ ပေါများလာသည့်အတွက် တိုက်ခန်းတွင် နေထိုင်သူများက လုံခြုံရေးအတွက် တိုက်ခန်းအဝင်တံခါးများကို သော့ခတ်မှုကို ယခင်ကထက် ဂရုတစိုက် ပြုလုပ်နေကြခြင်း ဖြစ်သည်။

တိုက်ခန်းအားလုံးတွင် တိုက်ခန်းအောက်အဝင် သံပန်းတံခါးသော့ ကိုယ်စီရှိကြပြီး မိမိသော့နှင့် မိမိ ဖွင့်ဝင်သည့် စနစ်ကို ကျင့်သုံးကာ တိုက်ခန်းလုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကာကွယ်နေရခြင်းဖြစ်သည်။

Photo-Arr Puu Tuu

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်