AA ဒွမ်တော့မယ်ဆိုလို့ အယ်ဘတွေ ဒူးတုန်နေကြမှုကြီး

AA က လက်တုံ့ပြန်မည့်သတင်းကြောင့် အာဏာသိမ်းစစ်မှ ကျောက်ဖြူနှင့်စစ်တွေတွင်အင်အားထပ်ဖြည့်နေ

ရခိုင်ပြည်အနှံ့အပြားတွင် ဗုံးကြဲမှုများအပေါ် အာရက္ခတပ်တော်က လက်တုံ့ပြန်မည်ဟု သတင်း ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်တပ်မှ ရခိုင်ပြည်မှ ကျောက်ဖြူနှင့်စစ်တွေတွင် တပ်အင်အားများကိုထပ်မံဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

“အခုတလော စကမ က ရခိုင်ပြည်က အရပ်သားနေရာတွေကို လေကြောင်းကနေ ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ နေ့တိုင်းလိုလို ရခိုင်မှာ ဗုံးကြဲမှုတွေရှိနေတယ်။ ဒီအပေါ်မှာ AAကလည်း လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ စကားတွေထွက်နေတော့ စိုးရိမ်ပြီး စစ်တွေနဲ့ ကျောက်ဖြူကို စစ်အင်အားတွေ အလုံးအရင်းနဲ့ အင်အားတွေဖြည့်တင်းနေတာကို တွေ့နေရပါတယ်”ဟု စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် စစ်တွေမြို့တွင်အင်အား ၂၀၀ ဝန်းကျင်ခန့်ကို ဇူလိုင် ၂၁ ရက်နေ့ကရေကြောင်းမှဖြည့်တင်းခဲ့သလိုနေရာအချို့တွင်လည်းခံကတုတ်များ၊ ပစ်ကျင်းများကို တိုးချဲ့ တည်ဆောက်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ အကြမ်းဖက်စစ်တပ်ကစစ်တွေမြို့နယ် အမြင့်ကျွန်း၊ရေချမ်းပြင်၊ ရွှေမင်းဂံ၊ကျားမသောက်စတဲ့ ကျေးရွာတွေမှာ ကာကင်းတွေ၊ကတုတ်ကျင်းတွေ တိုးချဲ့တည်ဆောက်နေတယ်။ တည်ဆောက်တဲ့ နေရာတွေမှာလည်း စခန်းစခန်းသစ်တွေနေရာချဲ့ပြီးထပ်မံပြုလုပ်နေတာကိုတွေ့ရတယ်။သူတို့က ထိုးစစ်ထက် ခံစစ်ကို ပြင်နေတာကို တွေ့နေရပါတယ်”ဟု ပြောသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း အကြမ်းဖက်စစ်တပ်အနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ ထိုးစစ်ရန် အခြေအနေမရှိသေးကြောင်း၊ ထိုးစစ်ဆင်မည့်လုပ်ရပ်မှာလည်း ယောင်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း များမကြာမီက စစ်ရေးသုံးသပ်ချက်တစ်ခုတွင် ဖော်ပြထားသည်။

၎င်းပြင် အကြမ်းဖက် မြန်မာစစ်တပ်မှ လူအင်အား၊ လက်နက်အင်အားများကို စစ်တွေ၌ ဖြည့်တင်း ရာတွင်လည်း လူခြေတိတ်ချိန်တွင် ညအချိန်မှ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

“သူတို့လူအင်အား၊လက်နက်အင်အားတွေကို နေ့ခင်းဘက်ကုန်းပေါ်ကို မတင်ဘူး။စစ်တွေနားရောက်နေလည်း မြစ်လယ်မှာ နေဗီကို ရပ်ပြီး ညမှတင်တယ်။လူတင်လူချလုပ်ရင် ညအချိန် စစ်ကားတွေသွားတာကိုကြည့်ပြီးသိရပါတယ်။ ဒီ ၂၁ ရက်နေ့ညကကမ်းနားလမ်းမှာစစ်ကားတွေအများကြီးသွားတာတွေ့ရတယ်။ ကားပေါ်မှာစစ်သားတွေတော်တော်မျာတင်သွားတယ်”ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

အလားတူဇူလိုင် ၂၁ရက်နှင့် ၂၂ ရက်နေ့များတွင်ကျောက်ဖြူတောင်မော်ဦးရေတပ်ကိုပို့ဆောင်ရေး စစ်ရေယာဉ်များဖြင့် လူအင်အား ၂၀၀ ခန့်ကို ဖြည့်တင်းပြီးနောက်အပြန်တွင် ဒဏ်ရာရစစ်သည်များကို ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်သွားသည်ဟုစစ်ရေးရင်းမြစ်များက ပြောသည်။

ကျောက်ဖြူမြို့နယ်တောင်မောင်ဦးရေတပ်မှအာဏာသိမ်းမြန်မာစစ်တပ်မှထိုးစစ်ပြုလုပ်ရာတွင်လည်း စစ်တပ်ကအကျအဆုံးများသဖြင့် အောင်မြင်မှုမရဘဲ တိုက်ပွဲ ရပ်နား နေပြီးနောက် တောင်မော်ဦးရေတပ်နှင့် ကျောက်ဖြူနောက်တန်းတပ်ရင်းများတွင် လက်နက် အင်အား၊လူအင်အားထပ်ဖြည့်နေကြောင်းကျောက်ဖြူဒေသခံစစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းတိုက်ပွဲက ရပ်နေတယ်။ ဒါပေမဲ့ တောင်မော်ဦးဖက်မှာတော့ ရေကြောင်းကနေလူသစ်ထပ်တင်တယ်။ ပြီးတော့ ကျောက်ဖြူမြို့ဆေးရုံ၊ခလရ ၃၄ ၊တောင်မော်ဦးက ဒဏ်ရာရတဲ့သူတွေ နေဗီနဲ့ရန်ကုန်ကို ပြန်ယူတယ်”ဟုပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *