📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပြင်ဦးလွင်မှာ ဓားပြတိုက်သူတွေကို ကြိုးမိန့်ပေးလိုက်ပြီ

ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူ ၅ ဦးကို ကြိုးမိန့်ချ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမပေါ်ရှိ အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ဇူလိုင် ၁၆ ရက်မှာ ပြင်ဦး လွင်ခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အောင်မျိုးနိုင်၊ မျိုးလင်းထွန်း၊ စိုင်းကြည်သူ၊ အောင်ကိုသက်နဲ့ စန္ဒာဦးတို့ကို ဇူလိုင် ၁၆ ရက် မနက်က ပြင်ဦးလွင်ခရိုင်ရုံးက ပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သတ်စေဖို့ အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

“ပုဒ်မ ၃၉၆ က ဓားပြတိုက်တဲ့အချိန် လူသတ်မှုပါ ကျူးလွန်တဲ့အမှုပါ။ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိပေးလို့ရတဲ့ ပုဒ်မပါ။ အခုတရားရုံးက အမိန့်ချလိုက်တာ အမြင့်ဆုံးပြစ်ဒဏ်ပါ။”

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်က အောင်စံပယ်ရွှေဆိုင်ကို ပစ္စတိုသေနတ်ကိုင်ထားသူ ၂ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့ရာ ဆိုင်ဝန်ထမ်း ဦးစိန်ဝင်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဓားပြတိုက်မှုဖြစ်စဥ်မှာ မြို့ခံတွေက အသက် ၃၀ အရွယ် အောင်မျိုးနိုင်ကို အရင်ဖမ်းမိပြီး ရဲလက် အပ်ရာက ရဲစခန်းကနေ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှာ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၀ ရက်ကလည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ လူငယ်တယောက်ကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသွားသူ ၂ ယောက်ကို ပျဥ်းမနားခရိုင်တရားရုံးက မသေမချင်း ကြိုးပေးသတ်ဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်