📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နေပြည်တော်မှာ စေတီတော်တွေ ပြိုကျ

နေပြည်တော်မှာ မိုးကြီးလို့ စေတီတွေ ပြိုကျပြီး ကျောင်းအချို့ ပိတ်ထားရ

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၂၃ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး စေတီတွေ ပြိုကျကာ ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ဆည်စု၊ ရွာသစ်နဲ့ ရွှေခဲအင်းကျေးရွာတွေမှာ ရေဝင်ရောက်မှုတွေ ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မိုးကြီးပြီး လေတိုက်တော့ ဆည်စု ရွှေဝါမြိုင်ကျောင်းတိုက်က စေတီတွေ ပြိုကျတာ ၉ ဆူ ရှိပြီ။ ရွှေခဲအင်းဘုန်းကြီးကျောင်းမှာလည်း အုတ်နံရံတွေ ပြိုတယ်။ ရွာသစ် အထကခွဲက ရေတအားတက်လို့ ပိတ်ထားရတယ်” လို့ ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာပြီး ရေနှုတ်မြောင်း ရေလျှံမှုကြောင့် နေအိမ်များမှ ပြည်သူများကို ရေဘေးလွတ်ရာသို့ လူမှုရေးအသင်းအဖွဲ့များနဲ့ မီးသတ်တပ်ဖွဲ့များက ပြောင်းရွှေ့ပေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဇမ္ဗူသီရိမှာ ရပ်ကွက် ၂ ခု၊ ၃ ခုလောက် ရှိတယ်။ ရေတက်တာ ရွှေကြာပင်ရပ်ကွက်က ပိုဆိုးတယ်။ ငဝန်လမ်း အပါအဝင် ၅ လမ်းက အိမ်တွေအကုန် ဘေးလွတ်ရာကို ဒီနေ့မနက် ပြောင်းပေးရတယ်” လို့ ပြောပါတယ်။

လယ်ဝေး၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမှာလည်း မိုးသည်းထန်စွာ ရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးမှု အနည်းငယ် ရှိပေမဲ့ ရေဝင်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက် မနက် ၁၁ နာရီကလည်း ပုဗ္ဗသီရိမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်း အမိုးလန် ပြိုကျပျက်စီးခဲ့ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်