📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေးဘီလူး ဒွမ်ပြန်ပြီဟေ့

ဘုရားသုံးဆူမြို့မှ တပ်ချိန်းရန်လာသည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရပြီး ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး၊ ရွှေဘိုတွင်လည်း ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ တပ်ချိန်းရန်လာသည့် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရာ ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ထုတ်ပြန်ထားသည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရာဖူးကျေးရွာသို့ စစ်ကြောင်းချိန်းရန်အတွက် ဘုရားသုံးဆူမြို့ဘက်မှ ထွက်ခွာလာသည့် စစ်တပ် ယာဉ်တန်းကို ရေးဘီလူးတပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးပျူစောထီးရွာမှ ထွက်ခွာလာသော ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်၍ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ဖရိုဖရဲဖြင့် ကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း Shwebo Crocodile (ဗိုလ်မိကျောင်းတပ်ဖွဲ့) ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က အဆိုပါ သီးလုံးရွာမှ ပျူစောထီးများသည် အနီးပတ်ဝန်းကျင်ရှိ တောင်ယာနှင့် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နေကြသည့် ဒေသခံ ပြည်သူများကို မကြာခဏ နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile (ဗိုလ်မိကျောင်းတပ်ဖွဲ့) ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် ဒေါင်းစစ်သည် အကြမ်းဖက်နှိမ်နင်းရေး (PSF) တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏ နောက်လိုက် ပျူစောထီးများကို အမြစ်ပြတ် ချေမှုန်းကာ မိဘပြည်သူများကို အပြည့်အဝ ကာကွယ်ပေးသွားမည်ဟု အဆိုပါ ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်