ထိုင်းနိုင်ငံ၊ ကန်ချနပူလီမြို့မှာ အသက် (၁၃) နှစ်ပဲရှိသေးတဲ့ မြန်မာသမီးငယ်လေးတစ်ယောက် သူ့ရဲ့အမေရင်း လက်ချက်နဲ့ ရေနွေးပူ လောင်ဒဏ်ရာ တွေ ပြင်းပြင်းထန်ထန်ရပြီး ဆေးရုံမှာ အသည်းအသန် ကုသနေရပါတယ်။
ဒီသမီးလေးက မွေးကတည်းက မိဘတွေ အိမ်ထောင်ကွဲသွားတော့ အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာပါ။
နောက်ပြီး မိခင်ဖြစ်သူက နောက်ယောကျ်ားနဲ့အိမ်ထောင်ထပ်ပြုသွားခဲ့ပြီး အဘွားဆုံးသွားတဲ့အခါ သူ့ အသက် (၈) နှစ်အရွယ်ကျမှ သူ့အမေရင်းဆီကို ရောက်လာခဲ့ရရှာတာပါ။
အဲဒီနောက်မှာ အမေက နောက်အိမ်ထောင်နဲ့ရတဲ့ ကလေးနှစ်ယောက်ကိုတော့ ကျောင်းကောင်းကောင်းထားပေးပြီး၊ ဒီသမီးလေးကျတော့ (၆) တန်းအရွယ်နဲ့ ကျောင်းထွက်ခိုင်းကာ အပြင်မှာ အလုပ်ထွက်လုပ်ခိုင်းခဲ့ပါတယ်။
နေ့စဉ်ရက်ဆက်လိုလို ဆဲဆို ရိုက်နှက်တာတွေ ခံနေရတဲ့အထဲမှာမှ အဲဒီမိခင်က လောင်းကစားဝါသနာပါတော့၊ လောင်းကစားရှုံးလာတဲ့ ဒေါသအမုန်းတွေသမျှကို ဒီသမီးငယ်လေးဆီမှာ အမြဲတမ်း ပုံချပြီး အနိုင်ကျ၊င့်တတ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်း ၁၇ ရက်နေ့ညကဆိုရင် မိခင်က အပြင်ထွက်သွားချိန်မှာ သမီးလေးက ဆေးသောက်ရမှာဖြစ်ပြီး အစာမစားရင် ရင်တုန်မှာစိုးလို့ ထမင်းလေးအနည်းငယ်ကို ယူစားလိုက်မိပါတယ်။
အိမ်ပြန်ရောက်လာတဲ့ မိခင်ဖြစ်သူက ထမင်းဟင်းတွေ လျော့နေတာကိုတွေ့တော့ ဘယ်သူစားလဲလို့ မေးပါတယ်။
သမီးလေးကလည်း ဆေးသောက်ဖို့အတွက် ရိုးသားစွာပဲ ပြောပြခဲ့တာပါ။
အဲဒီမှာတင် “ထမင်းခိုးစားရသလား” ဆိုပြီး အိမ်တိုင်မှာ ကြိုး၊တု။တ်ချည်နှောင်ခဲ့ပြီးမှ ပွက်၊ ပွက်၊ဆူနေတဲ့ ရေနွေးအိုးကြီးကို ယူလာကာ ကလေးမလေးရဲ့ လည်ပင်းကနေ ကျောအထိ လောင်းချပါတော့တယ်။
အိမ်နီးနားချင်းတွေက အဲဒီလို လုပ်နေတာကို ဗီဒီယိုရိုက်ကူးပြီး ရဲကို အမြန်အကူအညီတောင်းပေးလို့သာ သမီးငယ်လေး ကံကောင်းသွားရခဲ့တာပါ။
လက်ရှိမှာတော့ ကန်ချနပူလီဆေးရုံကြီးမှာ ပြင်းထန်တဲ့ အပူလောင်ရာတွေ ကုသနေရပြီး အသားတွေကွာသွားလို့ ပိုးမဝင်အောင် ဆေးတွေ အဆက်မပြတ် ထည့်ပေးနေရပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ ဆရာဝန်ကြီးတွေက သမီးလေးရဲ့ ထိခိုက်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ကုသမှုတွေ လုပ်ပေးရတော့မှာပါ။
ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ လူမှုစောင့်ရှောက်ရေးအဖွဲ့တွေကတော့ ကလေးငယ်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးနေကြပါပြီ။
တရားခံ မိခင်ဖြစ်သူကိုတော့ တရားမဝင်နေထိုင်မှု၊ အထောက်အထားမရှိမှုတွေနဲ့ အရင်ဦးဆုံး တရားစွဲဆိုထားပြီး ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးစစ်ချက်တွေအပေါ်မူတည်ကာထပ်တိုး ပုဒ်မတွေနဲ့ပါ ဆက်လက် အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

မိခင်က သမီးကို ပွက်ပွက်ဆူနေတဲ့ ရေနွေးတွေနဲ့ လောင်းချ
လောင်းချခံရတဲ့ သမီးလေးက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။
ဖြစ်စဉ်က ကန်ချနပူလီမြို့မှာ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖြစ်သွားခဲ့ပြီး ၂၃ ရက်နေ့မှာ ရဲတွေ အိမ်ကို လိုက်သွားကြတယ်။
အဲဒီ၂ ရက်အတွင်းမှာ မိခင်ရင်းက ကလေးကို ရေနွေးပူနဲ့ လောင်းပီးနောက် ဆေးကုသဖို့ မခေါ်သွားပဲ ၊ အိမ်ထဲကနေ အိမ်ပြင်ကို မပေးထွက်ဘူး။
အိမ်ထဲမှာပဲ ချုပ်နှောင်ထားခဲ့တယ်။
ဒါပေမဲ့ သမီးလေးကို ရေနွေးနဲ့ လောင်းနေတာကို အိမ်နီးနားချင်းတွေက တွေ့ပီး ပထမ ပုံရိုက်ထားခဲ့တယ်။
နောက်တော့ သမီးလေး ဘာလို့ အပြင်ထွက်မလာတာလဲ၊ ဘာဖြစ်လဲ မသိဘူးဆိုပြီး ရိုက်ထားတဲ့ ပုံကို ရဲဆီကို ယူသွား ကလေးကို သွားကြည့်ပေးပါဆိုကာ အကူညီ တောင်းခဲ့ကြတယ်။
ရဲတွေ ရောက်သွားတော့ နင် ကလေးကို ရေနွေးပူနဲ့ လောင်းလားမေးတော့ မလောင်းဘူး၊ ကလေးက သူ့ဟာသူ လောင်းချတာလို့ လိမ်ပြောခဲ့ပါတယ်။
ရဲတွေလဲ မေးရင်း မေးရင်းနဲ့ နောက်မှ ရေနွေးနဲ့ လောင်းတာကို ဝန်ခံခဲ့တယ်။
အရင်ကလဲ သမီးလေးကို ကျောင်းသွားခါနီး ရိုက်လို့ ခေါင်းကွဲသွားသေးတယ်လို့ ကျောင်းကသူတွေက ပြောပြကြတယ်ရှင့်။
ဒီ မိခင်ရင်းဟာ သမီးလေးကို ရိုက်တာ ကစားစရာလိုပဲ အမြဲတမ်း ရိုက်နှက်နေကြတာကို စစ်ဆေးတွေ့ရှိရပြီး ကလေးကိုတော့ အခု သူမနဲ့ မထားတော့ဘူး။
ကလေးစောင့်ရှောက်ရေး အဖွဲ့က ခေါ်သွားပြီး အနီးကပ် ကူညီ ဆေးကုပေးနေပါတယ်။



Leave a Reply