သမီးဖြစ်သူကိုအိမ်တိုင်မှာကြိုးတုတ်ပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးနဲ့လောင်းတဲ့မြန်မာအမျိုးသမီးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးပြီးနစ်နာသူမိန်းကလေးငယ်ကိုကယ်တင်
ထိုင်းနိုင်ငံကန်ချနပူလီမြို့မှာ(၁၃)နှစ်အရွယ်သမီးအရင်းဖြစ်သူကိုရေနွေးနဲ့လောင်းတဲ့မိခင်ဖြစ်သူ မြန်မာအမျိုးသမီးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးပြီးနစ်နာသူမိန်းကလေးငယ်ကိုကယ်တင်ခဲံတယ်လို့သိရပါတယ်။
ကျူးလွန်သူဟာအသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ မြန်မာပြည်သားဖြစ်အမျိုးသမီးဖြစ်ပြီးကန်ချနပူလီမြို့မှ တရားမဝင်နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် လ ၁၇ ရက်နေ့မှာပဲ နစ်နာသူမိန်းကလေးငယ်ဟာ နေမကောင်းဖြစ်တဲ့အတွက် ဆေးသောက်ဖို့ ထမင်းယူစားခဲ့တဲ့အတွက်အခုလိုရိုက်နှက်နှိပ်စက်ခဲ့တာဖြစ်ပြီးတော့ မိန်းကလေးငယ်ကိုရိုက်နှက်နှိပ်စက်နေတာကို ဘေးနားကထိုင်းလုမျိုးတွေတွေ့ပြီးအခုလိုတိုင်ကြားခဲ့တာလို့သိရပါတယ်။
လက်ရှိမှာတော့နစ်နာသူမိန်းကလေးငယ်ဟာကန်ချနပူလီမြို့ရဲ့ ဆေးရုံတရုံမှာ ဆေးကုသမှုခံယူနေရပြီးတော့ ရေနွေးပူလောင်းခံရတဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေကို ခွဲစိတ်ရမယ့်အပြင်၊ အသားတွေ ကွာသွားလို့ ပိုးသက်ဆေးတွေ မပြတ် ထည့်နေရပါတယ်လို့သိရပါတယ်။

ကျူးလွန်သူ မိခင်အရင်းဖြစ်သူ မြန်မာအမျိုးသမီးကိုတော့ထိုင်းအာဏာပိုင်တွေဖက်က တရားမဝင် နေထိုင်မှု၊ လတ်မှတ်မရှိမှူတို့နဲ့ လက်ရှိ တရားစွဲထားပြီးတော့ကလေးသူငယ်နှိပ်စက်မှုအပါအဝင်တခြားပုဒ်မတွေနဲ့လဲဆက်လက်တရားစွဲဖို့ရှိနေတယ်လို့သိရပါတယ်။
ရေနွေးပူနဲ့ လောင်းခံရတဲ့ သမီးလေးကို 24ရက်နေ့မှာ ခွဲစိတ်တော့မှာ ဖြစ်ပါတယ်။
ဒီသမီးလေးဟာ အသက် ၁၃ နှစ် ဖြစ်ပီး မိခင်ရင်းက ၁၇ ရက်နေ့က ထမင်းခိုးစားလို့ဆိုပီး လည်ပင်းကနေ အိုးလိုက် ရေနွေးတွေ လောင်းချခဲ့တာ ဖြစ်ပါတယ်။

၆ တန်းထိပဲ ကျောင်းထားပေးခဲ့ပြီး နင့်ကို ကျောင်းဆက် မထားပေးတော့ဘူး အလုပ်ထွက်လုပ်ဆိုကာ ခိုင်းခဲ့ပါတယ်။
မိခင်ရင်းဟာ မြန်မာပြည်သားဖြစ်ပြီး သမီးလေးက ပထမ လင်ကြီးနဲ့ ရထားပြီး လင်ကြီးနဲ့ ကွဲတော့ သမီးလေးကို မွေးစထဲက အဘွားနဲ့ ထားခဲ့တယ်။
မိခင်ရင်းဟာ နောက်လင် ယူခဲ့ပြီး နောက်လင်နဲ့ ရတဲ့ ကလေး၂ ယောက်ရကာ အဲဒီကလေးတွေကိုပဲ အလေးပေးခဲ့ပါတယ်။

အဘွားဆီမှာ ငယ်ငယ်ထဲက နေခဲ့ရတဲ့ သမီးလေးကို အသက် ၈ နှစ်ထိ အဘွားက ကျောင်းထားပေးခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
အဲနောက် သမီးလေးဟာ မိခင်ရင်းနဲ့ လာနေရပြီး အဲကစ ကလေးကို ရိုက်နှက်ပါတော့တယ်။
မိခင်ရင်းဟာ လောင်းကစား ဝါသနာပါသူဖြစ်ပြီး မနိုင်တဲ့နေ့ဆို ကလေးကို အညိုးနဲ့ ပေါင်းရိုက်ပါတော့တယ်။
၁၇ ရက်နေ့က ဆေးသောက်ရမှာမို့ ထမင်းနဲ့ဟင်း ပိုစားမိတဲ့ သမီးလေးကို ထမင်းတွေ လျော့လို့ဆိုပီး တိုင်မှာ ကြိုးတုတ်ပီး ရေနွေးအိုးလိုက်မကာ လောင်းချခဲ့တယ်။

အိမ်နီးချင်းတွေ ကောင်းမှုကြောင့် video ရိုက်ယူထားနိုင်ခဲ့ပြီး ရဲကို သွားတိုင်လို့ သိသွားကြတာဖြစ်ပါတယ်။
နောက်ဆုံးရသတင်းက သမီးလေးကို ၂၄ ရက်နေ့မှာ ဆရာဝန်တွေက ခွဲစိတ်မှာ ဖြစ်ပါတယ်ရှင့်။
ဒဏ်ရာတွေကို သန့်ရှင်းရေး လုပ်ပေးပြီး ပိုးမဝင်အောင် ဆေးကြောပေးပါတယ်။
မိခင်ရင်းကိုတော့ ၂၃ ရက်နေ့ထဲက ရဲတွေက အချုပ်ထဲ ထည့်ထားတယ်လို့ သိရပါတယ်။
(သမီးလေး ခွဲစိတ်မှု အောင်မြင်ပါစေ)


Leave a Reply