📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

“ကွမ်းယာစားမလား”ဆိုပြီး ဒဲ့ ဝင်ဒွမ်ပြလိုက်တဲ့ ဗိုလ်ပိုင်ချဲ (ရုပ်သံ)

ကန့်ဘလူ၊ ဇာဒီပျူစောထီးကျေးရွာတွင် ကင်းစောင့် ပျူစောထီးကို “ကွမ်းယာစားမလား” ဟုဆိုကာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းပြီး G3 သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ငါန်းဇွန်တွင်လည်း ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီပျူစောထီးကျေးရွာ အနောက်ဘက်ကင်းစခန်းတွင် ကင်းစောင့်နေသော ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ကွမ်းယာစားမလား” ဟုဆိုကာ အနီးကပ်ချဉ်းကပ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ G3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန် ရေးရဲဘော်ဗိုလ်ပိုင်ချဲက ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးကို အနီးကပ်လှည့်ကွက်အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးထံမှ G3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ဆင် ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ၉ မမ ပစ္စတိုကျည် ၁ တောင့်သာ အသုံးပြုခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစခန်းကိုလည်း ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရော့ကတ်ဒုံး ၂ လုံးနှင့် ၈၀ မမ စက္ကူပြောင်း လက်နက်ကြီး ၁၃ လုံးဖြင့် ညနေ ၄ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နာဂက ပြောကြားသည်။

ယင်းတိုက်ခိုက်မှုကြောင့် ပျူစောထီးစခန်းအတွင်းရှိ စစ်သား ၄ ဦးနှင့် ပျူစောထီး ၁၀ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အတည်ပြုနိုင်ခဲ့သည်ဟု ရဲဘော်နာဂက ပြောသည်။

“တိုက်ပွဲအတွင်း လက်နက်ကြီးအပြင်းအထန် ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရဲဘော်နာဂက အတည်ပြုပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးခရိုင် တပ်ရင်း (၅)၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့၊ ရွှေဂျိုးဖြူတပ်ဖွဲ့နှင့် ငါန်းဇွန်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်