📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရန်ကုန် ကွန်ဒိုတွေပေါ်ထိ ဝင်ဆွဲဖို့ပြင်နေပြီ

ရန်ကုန်မြို့က ကွန်ဒိုနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က စတင်ဆင့်ခေါ်

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

စစ်တပ်က ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်း စစ်မှုထမ်းမနေရ အကျုံး၀င်သူတိုင်းကို ပုံစံ (၂) နဲ့ ဆင့်ခေါ်မှာလို့ ဆိုပါတယ်။

စစ်မှုထမ်း ဥ‌ပ‌ဒေပါ ပုံစံ (၂)ဆိုတာက စစ်မှုထမ်းအသက်အရွယ်ရောက်သူတွေကို မြေပြင်စာရင်းကောက်ယူပြုစုတာနဲ့ စစ်ဆေးဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လကအထိ စစ်မှုထမ်းနဲ့ မငြိချင်ဘူးဆိုရင် လူငယ်တွေရှိတဲ့ ကွန်ဒိုတခန်းကို တစ်လ တစ်သိန်းပေးရတယ်။ ဘယ်သူ့ပေးရလဲ ဆိုတော့ ရပ်ကွက်အုပ်ကြီးကို ပေးရတာ”လို့ မရမ်းကုန်းမြို့နယ်ကွန်ဒို တိုက်ခန်းတစ်ခုမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

လစဉ်ကောက်ခံတဲ့ ငွေကြေးကို အခု ဇူလိုင်ကစပြီး မကောက်ခံတော့ဘဲ စစ်မှုထမ်းရမယ့်သူဆိုပါက အကြောင်းကြားဖို့ ပြောဆိုထားတယ်လို့ သူက အသိပေးပါတယ်။

ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်က ဧရာချမ်းသာကွန်ဒိုမှာ နေထိုင်ကြတဲ့သူတွေကိုလည်း အသက်ပြည့်မီတဲ့သူတိုင်း စစ်မှုထမ်းဖို့ စစ်တပ်က အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အဲဒီကွန်ဒိုနေသူတွေဟာလည်း စစ်မှုထမ်းအပတ်စဉ် (၁) မှ (၂၈) ထိ စစ်မှုထမ်းတာ လုံးဝမရှိခဲ့သေးတာကြောင့် စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးနဲ့ အိမ်ရာ ကော်မတီရုံးခန်းကို အသိပေးရမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က သေဆုံးမှုများလာပြီး စစ်သားလိုအပ်ချက်ကြောင့် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်စပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းခဲ့ပါတယ်။

အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈) အထိရောက်နေပြီဖြစ်ပါတယ်။

မြန်မာပြည်တွင်းကလူငယ်တွေဟာ လမ်းမတွေမှာအတင်းအဓမ္မ ဖမ်းဆီးခံနေရတာနဲ့ နေအိမ်ပေါ် တွေအထိပေါ်တာဆွဲခံနေရတာ နေ့စဉ်နဲ့အမျှ ဖြစ်နေပါတယ်။

လူငယ်တွေအနေနဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှောင်ရှားနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးချက်တွေ မကြာခဏ ထုတ်ပြန်နေပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်