📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပန်းတောင်း စကခ ၁၀ ပြေးပြီဟေ့…

ပန်းတောင်းတွင် စစ်ယာဉ်တန်း ၁၂ စီးဖြင့် အင်အားဖြည့်၊ စကခမှူးပါ သေဆုံးထားသည့် စကခ (၁၀) တပ်များ ပြန်ဆုတ်

​ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်း၊ ညောင်ကျိုး စစ်မျက်နှာတွင် ရွေးတုအစိုးရတပ်များ အထိနာနေပြီး စကခမှူးအပါအဝင် သေဆုံးထားသည့် စကခ (၁၀) လက်အောက်ခံ တပ်ရင်းအချို့ကို ပြန်ဆွဲထုတ်နေရကြောင်း သိရသည်။

​အဆိုပါ စစ်မျက်နှာသို့ ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့က ပန်းတောင်းမြို့အခြေစိုက် ခလရ ၉၂ မှ စစ်ယာဉ်တန်း ၁၂ စီးဖြင့် ညောင်ကျိုး ရိုးပေါ်သို့ အင်အားဖြည့် တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

“စကခ (၁၀) က စကခမှူးကိုယ်တိုင် သေထားတော့ စစ်ဦးကျိုးသွားတာပါ။ ဒီနယ်မြေမှာ သူတို့ စစ်ရေးအရ လုံးဝအဆင်မပြေတော့လို့ တပ်ရင်းတွေကို တဖြည်း ဖြည်း နောက်တန်းဌာနချုပ်ဆီ ပြန်ဆွဲထုတ်နေရတယ်” ဟု ​မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

​ကလေး-မော်လိုက် အခြေစိုက် စကခ (၁၀) လက် အောက်ခံ တပ်ရင်းများ စစ်ဦးကျိုးကာ အထိနာသွားသည့်အတွက် စစ်တပ်အနေဖြင့် နောက်တန်းသို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေရခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားနယ်မြေ စစ်မျက်နှာအသီးသီးတွင် အထိနာထားသည့် စကခ (၁၀) ကဲ့သို့ ပင်မတပ်များကို အရေးပေါ် အစားထိုးဖြည့်တင်းရန် စစ်တပ်၌ တပ်မအင်အား မလုံလောက်တော့ဘဲ ဒေသ ခံနယ်မြေခံတပ်များဖြင့်သာ ရောပြွန်းထိန်းခိုင်းနေရသည်ကို တွေ့ရသည်။

ပန်းတောင်း – ညောင်ကျိုး လမ်းပိုင်းတွင် စစ်ယာဉ်တန်း ၁၂ စီး ထပ်မံဖြည့်တင်းရသည်အထိ စစ်တပ်တပ်ဖွဲ့ဝင်များ ထိခိုက်မှုများနေခြင်းက တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုနှင့် လမ်းကြောင်းစိုးမိုးနိုင်စွမ်း မြင့်တက်လာမှုကို ညွှန်ပြနေကာ စကခ (၁၀) တပ်မမှူးကိုယ်တိုင် သေဆုံးပြီး စစ်ဦးကျိုးသွားသည့် အတွက် ခံစစ်အသွင် ပြောင်းလဲလာရသည်ကိုတွေ့ရကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်‌ပြောဆိုသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်