သတင်းစာမှာ ဇာတ်တော်ကြီးကိစ္စ ပါလာပြီ တဲ့ ! 📰✨
မြန်မာ့ဇာတ်သဘင် တစ်ခေတ်ပြန်ထလာခဲ့ပါပြီ။
နှစ်ပေါင်း (၄၀) လောက်ကတည်းက တဖြည်းဖြည်း မှေးမှိန်လာခဲ့တဲ့ ဇာတ်တော်ကြီးတွေ ပြန်လည်ထွန်းကားဖို့၊
ရှေးဇာတ်စာ ဇာတ်စကားတွေကို ထိန်းသိမ်းနိုင်ဖို့အတွက်…
ထိန်းသိမ်းနိုင်စွမ်း အရည်အချင်းရှိအောင် ဇာတ်ဆရာရော ဇာတ်မင်းသားပါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြရတာပါ။
”အရှိန်တစ်ခုရလို့ ငါတို့တော့ လုပ်ကြည့်မယ်” ဆိုပြီး စတင်လိုက်ချိန်မှာ
”အောင်မြင်ပါ့မလား” ဆိုတဲ့ မေးခွန်းတွေက အထပ်ထပ်…
”ကျရှုံးခဲ့ရင် ဘယ်လိုဖြေသိမ့်မလဲ” ဆိုတာကအစ တွေးခဲ့ရပါတယ်။
ဒါပေမဲ့ အရှုံးကို ရင်ဆိုင်နိုင်ဖို့ ဆရာတပည့်နှစ်ယောက် အားတွေမွေးပြီး “ဘုရင်နောင် ဖောင်ဖျက်” သကဲ့သို့ ဒီပွဲကို ရဲရဲဝံ့ဝံ့ ဆင်နွှဲခဲ့ကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဇာတ်စာဇာတ်စကားတွေ၊ ဇာတ်တော်ကြီးတွေ မပျောက်ပျက်ရအောင် ဆိုကရေးတီး ပြိုင်ပွဲတွေကအစ နိုင်ငံတော်အဆင့်အထိပါ ထိန်းသိမ်းခဲ့ကြတာပါ။
တကယ်တော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ကြပါတယ်။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ 💯
ဒါပေမဲ့ စိတ်မကောင်းစရာက… ဖုန်းနဲ့ ရိုက်တင်လိုက်တဲ့ အပိုင်းအစလေးတွေကြောင့် ကိစ္စတွေက ပြဿနာဘက်ကို ဦးတည်သွားခဲ့ရတာပါပဲ။

တို့ရဲ့ ရိုးရာတွေ ပြန်ပျောက်တော့မှာလား… ❓
ဇာတ်တော်ကြီးတွေ ပြန်ပျောက်ရတော့မှာလား… ❓
ဒီအဟန့်အတားတွေက ဘာလို့ ဖြစ်လာရတာလဲ… ❓
များစွာသော စိတ်မကောင်းခြင်းများစွာနဲ့ပဲ ဒီ Post ကို တင်လိုက်ရပါတယ်ခင်ဗျာ…။ 🙏💔
အောင်ကျော်ထွန်း


Leave a Reply