📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မအလ နားရွက် တံတွေးဆွတ်ပြလိုက်တဲ့ KIO

နမ့်ဖက်ကာမှာ KIOက တရားဥပဒေရုံး ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

ဇူလိုင် ၂၄ မနက် ၁၀နာရီမှာ တရားရုံးဖွင့်ပွဲလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“KIA ဘက်က တိုက်ခိုက်သိမ်းယူထားတဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ စစ်ရေးအရ နိုင်ငံရေးအရ အရေးပါတဲ့ နမ့်ဖက်ကာမှာ အခုလို KIO အစိုးရဘက်က တရားဥပဒေ ရုံးဖွင့်လှစ်တာကို ဒေသခံ ပြည်သူလူထုအားလုံးကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြပါတယ်။

တရားရုံးက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ စံပြအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် တရားရုံးဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ဒီလိုဖြစ်မှလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုပြီးတော့ ရရှိမှာ ဖြစ်ပါတယ်” ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

တရားရုံးတာဝန်ရှိသူတွေအနေနဲ့ စစ်ဘက်ဆိုင်ရာဖြစ်စေ၊ အရပ်ဘက်ဆိုင်ရာဖြစ်စေ ဥပဒေအထက် ဘယ်သူမှ မရှိဘူးဆိုတာကို လက်တွေ့အကောင်အထည်ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နမ့်ဖက်ကာ တရားဥပဒေရုံးဖွင့်ပွဲကို ဒေသခံပြည်သူလူထု၊ ဘာသာရေးခေါင်းဆောင်တွေအပြင် KIA ရဲ့ မဟာမိတ် အာရက္ခတပ်တော်(AA) တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။

KIAဟာ နမ့်ဖက်ကာ အခြေစိုက် စစ်တပ်ကို ၂၀၂၄ ဇန်နဝါရီမှာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ပြီး ဒေသတွင်း အုပ်ချုပ်ရေးကို ကိုင်တွယ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။

တဖက်မှာလည်း ကွတ်ခိုင်မြို့ကို ညီနောင်သုံးဖွဲ့ထဲက တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့ပေမဲ့ TNLAနဲ့ ကိုးကန့်တပ် မဟာမိတ်အချင်းချင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ ဖြစ်ပွားခဲ့ရာ အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာ MNDAAက ကွတ်ခိုင်မြို့ကို စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

(ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တရားဥပဒေရုံး စတင်ဖွင့်လှစ်ခဲ့စဉ်။ ဓာတ်ပုံ – The Kachin Net)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်