📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကြက်ဥတောင် နပ်မမှန်တော့တဲ့ ပင်စင်စားကြီးတဦး

အဘနာမည် ဦးကျော်အေး၊ အသက်ကတော့ ၇၀ ပြည့်ပြီပေါ့။

အမျိုးသမီးကလည်း အသက် ၇၀ ပါပဲ။

အဘရော အမျိုးသမီးရောက အရင်တုန်းက ဝန်ကြီးဌာနကြီးတခုမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေပါ။

အခုတော့ ပင်စင်ယူခဲ့တာ ၁၀ နှစ်ကျော်ပြီပေါ့။

အဘက အထက်တန်း စာရေးကြီး၊ အမျိုးသမီးကတော့ အောက်တန်းစာရေး ရာထူးနဲ့ ပင်စင်ယူခဲ့ကြတာပါ။

အလုပ်အကြောင်း ပြောမှာ မဟုတ်လို့ ဘယ်ဝန်ကြီးဌာနလည်းဆိုတာ ထည့်မပြောတော့ပါဘူး။

အဘ အခုပြောချင်တာက ကြက်ဥအကြောင်းပါ။

အဘတို့ လင်မယားနှစ်ယောက်က မနက်စာဆို ကြက်ဥပြုတ် တယောက်တလုံးနဲ့ ကော်ဖီမစ်တထုပ်ကို တဝက်စီခွဲသောက်ကြတယ်။

သမီးကြီးဝယ်ပေးတဲ့ မုန့်လေးရှိရင်လည်း စားကြတာပေါ့လေ။

ကြက်ဥတလုံး ၃၅၀ ဆိုတော့ နှစ်လုံးကို ၇၀၀၊ ကော်ဖီမစ်တထုပ် ၆၀၀ ဆိုတော့ မနက်စာ အသုံးစရိတ်က တရက် ၁၃၀၀ ပေါ့။

တလဆို လေးသောင်းနီးပါးပေါ့။

အဘက ပင်စင်လစာ တသိန်းခုနှစ်သောင်း၊ အမျိုးသမီးက တသိန်းသုံးသောင်းဆိုတော့ စုစုပေါင်း ၃ သိန်း ရတယ်။

မနက်စာဖိုး လေးသောင်းနှုတ်ပြီး ကျန်တဲ့ နှစ်သိန်းခြောက်သောင်းနဲ့ တလလုံး လောက်အောင် သုံးရတယ်။

ဒါတောင် သမီးက ဆေးဖိုးဝါးခကို သီးသန့် ထောက်ပံ့ပြီး စားချင်တဲ့ မုန့်လေးတွေ တပတ်တခါ ဝယ်ပေးလို့ ခံသာနေတာပေါ့။

အခု ကြက်ဥဈေး ၇၀၀ ဖြစ်သွားတော့ ကြက်ဥဖိုးတင် တလကို လေးသောင်းကျော်သွားပြီလေ။

အဘတို့ လင်မယား ဝယ်မစားနိုင်တော့ဘူး။

ကြက်ဥအစားထိုးအနေနဲ့ ၁၂၀၀ တန် ပေါင်မုန့်ကြမ်း တလုံးကို လင်မယားနှစ်ယောက် ၃ ရက်ရအောင် စားလိုက်တယ်။

သမီးက အဲဒီပေါင်မုန့်တွေ စားနေတာတွေ့ရင် ဆူတယ်။

အဲဒါတွေက ငါးကျွေးတာတဲ့ လူစားတာ မဟုတ်ဘူးတဲ့။

ဘယ်တတ်နိုင်ပါ့မလဲ၊ ရတဲ့ ဝင်ငွေနဲ့ လောက်ငအောင် စားနေရတာပဲလေ။

သမီးကြီးကလည်း ကလေးတွေနဲ့ဆိုတော့ ဒီခေတ်ကြီးမှာ မလွယ်ဘူးလေ။

ဒီလိုခေတ်ကြီးထဲမှာ “ကြွေးဟောင်းကိုလည်း ဆပ်နေရ၊ ကြွေးသစ်ကိုလည်း ချနေရတဲ့” ဒီနေ့ခေတ် လူရွယ်တွေကို အဘစာနာပါတယ်။

ဖြစ်နိုင်ရင်တော့ ပင်စင်လစာတိုးပြီး လိုချင်တာပေါ့ တူကြီးတို့ရာ၊ ဒီကုန်ဈေးနှုန်းနဲ့ ဒီလစာနဲ့က ဘယ်လိုမှ မလောက်နိုင်ဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိကြမှာပါ။

တချို့လူကြီးတွေ ပင်စင်လစာ သိန်းရာကျော် ရနေတယ်လို့ ကြားရင် အဘ တကယ်အံ့ဩတယ်။

အဘ ဝန်ထမ်း ဘဝတုန်းက ပင်စင်လစာတွက်ပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဘယ်လိုဖော်မြူလာနဲ့ တွက်လို့ ပင်စင်လစာ သိန်းရာကျော်ရသွားလည်းဆိုတာ အဘ ဉာဏ်မမီပါဘူး။

ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ဥစ္စာတွေ ရှိနေတာတောင် ပင်စင်လစာ သိန်းရာကျော် ရနေတယ်ဆိုတော့ သူတို့ အတိတ်ကံတွေက အရမ်းကောင်းခဲ့တယ်လို့ပဲ မှတ်ယူထားပါတယ်။

နိုင်ငံခြားက ပင်စာစား အဖိုးကြီးအဖွားကြီးတွေ အပျော်စီးသင်္ဘောကြီးတွေ စီးပြီး ကမ္ဘာပတ်ကြတယ်ဆိုတာ အင်တာနက်ပေါ်တွေ့ရရင် အဘ အမြဲအားကျတယ်။

ဒီလို ပြောလို့ ကြက်ဥတောင် နပ်မမှန်တဲ့ အဖိုးကြီးက အင်တာနက် ဘယ်လိုသုံးလဲဆိုပြီး ဝိုင်းမေးကြဦးမယ်။

ဘေးအိမ်က ဝိုင်ဖိုင် အလကားပေးထားလို့ ဖုန်းအစုတ်လေး တလုံးကို လင်မယားနှစ်ယောက် မျှသုံးနေကြရတာပါကွယ်။

အဘတို့က မိဘအမွေရထားတဲ့ ဒီ ၁၀ ပေ အိမ်လေးရှိနေလို့သာ အခြေအနေ မဆိုးသေးဘူးလို့ ဆိုရမှာပါ။

နေဖို့ စရိတ်ပါ ရှာရမယ်ဆိုရင်တော့ အခုလိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရင်ခွင်နန်းတော် စုံတွဲလို လမ်းဘေးထိုင်ရတော့မှာပါပဲကွယ်။

အများကြီးလည်း မပြောတော့ပါဘူး။ ဒီခေတ်က မှန်တာပြောရင် ငါးပိကြော်စားရတယ်လေ။

ကြက်ဥတွေ ဈေးကြီးသွားတာ ဟိုပိတ် ဒီပိတ်လုပ်ထားတာကြောင့်လို့ ကြားတယ်။

ပိတ်တဲ့သူက စားချင်တဲ့ဟာကို စားချင်တဲ့ အချိန် စိတ်ကြိုက်စားနေရတဲ့ အချိန်မှာ အဘတို့လို အောက်ခြေ ပြည်သူလူတန်းစားတွေ ခက်ခဲ ကြပ်တည်းအောင် လုပ်နေတာကတော့ ပုံစံ မကျဘူးလို့ ခံစားရတယ်ကွယ်။

အဘကတော့ ပိုက်ဆံ ၁၀၀၀ ကို ကြက်ဥ ၁၂ လုံး ရတဲ့ တချိန်တုန်းက ခေတ်ကိုပဲ ပြန်ရောက်ချင်တယ်။

အဲဒီလို ပြောလို့ အဘကို အပြစ်ရှိတယ်လို့ ဆိုကြရင်လည်း အဲဒီလို အပြစ်ပြောနေတဲ့ သူတွေ ကိုယ်တိုင် ကြက်ဥတလုံးကို ၇၀၀ နဲ့ ဝယ်စားနေရတာမလားလို့ပဲ ပြန်မေးလိုက်ချင်တော့တယ်။

(ကြက်ဥတောင် နပ်မမှန်တော့တဲ့ ပင်စင်စားကြီးတဦးရဲ့ ရင်တွင်းခံစားချက်ကို ဆီလျော်အောင် ဖော်ပြလိုက်ပါသည်)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်