📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အယ်ဘတွေကို ဒူးနဲ့မျက်ရည်မိတ်ဆက်ပေးလိုက်တဲ့ နတ်ရေကန် ကမ္ဘာလုံးရေဒါ

အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်စခန်းသို့ စစ်ကူယာဉ်အစီး ၆၀ ကျော် ပို့ဆောင်နေပြီး တိုက်ပွဲများဖြစ်ပွား

AA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ် အခြေစိုက်စခန်းရှိ ပျက်စီးခဲ့သည့် ကမ္ဘာလုံးရေဒါ အဆောက်အအုံကို ဂြိုဟ်တုပုံရိပ်တွင် ထင်ရှားစွာ မြင်တွေ့ရ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နတ်ရေကန်စခန်းသို့ စစ်ကူယာဉ်အစီး ၆၀ ကျော် ထပ်မံပို့ဆောင်နေပြီး စစ်ရေး အရှိန်မြှင့်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ စစ်ယာဉ်တန်း အစီး ၆၀ ကျော်မှာ အမှတ်၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) သို့ ဝင်ရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ရှောက်တောင်နှင့် ဇင်ပြွန်းဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း၊ ညပိုင်းတွင် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို အသုံးပြု၍ တောင်ရိုးဘက်သို့ ဆက် လက်တက်ရောက်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း ကပစ ၁၄ နှင့် မစခ ၉၀၅ တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း၊ နတ်ရေကန်ဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်အင်အား အများအပြား ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

“စစ်ကောင်စီဘက်က တပ်အင်အားတွေ အများကြီး ထပ်ဖြန့်နေပါတယ်။ တောင်ရိုးလမ်းကြောင်းတွေကို အသုံးပြုပြီး စစ်ကူတွေ တက်နေကြတာပါ။ စစ်ဆင်ရေးအရှိန် မြှင့်နေတဲ့အတွက် ဒေသခံပြည်သူတွေလည်း သွားလာရေးကို အထူးသတိထားကြဖို့ လိုပါတယ်” ဟု ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

တစ်ဖက်တွင် စစ်ရေးအထူးပြု သတင်းများရေးသားဖော်ပြနေသော TNISO က ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်သည့် ဂြိုဟ်တုပုံရိပ်များအရ အာရက္ခတပ်တော် (AA) က အကြိမ်ကြိမ် တိုက်ခိုက်ပိတ်ဆို့ထားသည့် နတ်ရေကန်စခန်းရှိ Radome ဟုခေါ်သော ကမ္ဘာလုံးပုံသဏ္ဌာန် ရေဒါအဆောက်အအုံမှာ ပျက်စီးနေသည်ကို ကြည်လင်ပြတ်သားစွာ မြင်တွေ့ရကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ရေဒါအဆောက်အအုံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် AA က နတ်ရေကန်စခန်းကို တိုက်ခိုက်စဉ် ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး TNISO ကလည်း Copernicus ဂြိုဟ်တုပုံရိပ်များဖြင့် တိုက်ဆိုင်စစ်ဆေးကာ ယခင်က အတည်ပြုခဲ့ဖူးကြောင်း သိရသည်။

“အခုမြင်ရတာက ဂြိုဟ်တုပုံရိပ် Update ဖြစ်လာလို့ ပိုရှင်းရှင်းလင်းလင်း တွေ့ရတာပါ။ Radome က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ပျက်စီးခဲ့တာဖြစ်ပြီး အဲဒီအချက်က မှန်ပါတယ်။ လက်ရှိမှာတော့ ပျက်စီးနေတဲ့အတိုင်းပဲ ရှိနေသေးပြီး ထူးခြားတဲ့ ပြောင်းလဲမှု မတွေ့ရသေးပါဘူး” ဟု ငဖဲမြို့နယ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ရခိုင်နှင့်မကွေးအစပ် ငဖဲမြို့နယ်တွင် AA ဦးဆောင်သော တော်လှန်ရေးတပ်များက အကြမ်းဖက်စစ်တပ်စခန်းများနှင့်လက်နက်ထုတ်စက်ရုံများကို ဦးတည်၍ ထိုးစစ်ဆင်များ ဆင်နွှဲနေပြီး စစ်တပ်က အသည်းအသန်ခုခံနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်