“လွန်ခဲ့တဲ့ နှစ် ၁၄၀ ကျော်က ဖြစ်ရပ်ဆိုးတခုဟာ ပုံစံသစ်နဲ့ ပြန်လည်သက်ဝင်နေတာကို တွေ့ရတာ အတော် ပဲ ရင်နာစရာကောင်းပါတယ်”
မန္တလေးနန်းတွင်းထဲ မင်းညီမင်းသားတွေနဲ့ ဘုရင့်ဆွေတော်မျိုးတော်တွေကို ကတ္တီပါအိတ်နီတွေထဲထည့် ဒုတ် နဲ့ ရိုက် သတ်ခဲ့တုန်းက အော်ဟစ်ကြောက်လန့် ငိုသံ တွေကို ပြည်သူတွေ မကြားရအောင် ဘုရင် အာဏာ ပိုင်တွေက ဆိုင်းဝိုင်းကြီးတွေ အပြိုင်အဆိုင်တီးခတ်ခိုင်းပြီး နားပိတ်ပစ်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ နှစ် ၁၄၀ ကျော်က အဲဒီ “ဆိုင်းသံနဲ့ ကြောက် လန့် အော်ဟစ်ငိုယိုသံတွေကို ဖျောက်တဲ့ မျက်လှည့်” ဟာ ဒီနေ့ခေတ်မှာ ပုံစံသစ်နဲ့ ပြန်လည်သက်ဝင်နေတာကို တွေ့ရတာ အတော်ပဲ ရင်နာစရာကောင်းလှပါတယ်။
အခုခေတ် ဇာတ်ပွဲတွေကို ကြည့်လိုက်။ ဇာတ်မင်းသား၊ မင်းသမီးတွေကို ငွေကြေးတွေ အတိုင်းထက်အလွန် သိန်းထောင်ချီပြီး မိုးရွာသလို ဆုချပေးနေကြတာ၊ လူမှုကွန်ရက်နဲ့ မီဒီယာတွေပေါ်မှာ “ဟေး”ခနဲ”ဟာ” ခနဲ ဖြစ် နေအောင် ရိုက်ပြနေတာတွေကို တွေ့ရလိမ့်မယ်။
ဒီလောက် စီးပွားရေး ကျပ်တည်းနေတဲ့ ခေတ်ကြီးထဲမှာ အဲဒီလို ငွေတွေကို ရေလိုသုံး ပုံပေးနေတာတွေဟာ သာမန် ပရိသတ်ရဲ့ စိတ်စေတနာသက်သက် မဟုတ် ဘူး။ဒါက အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ နောက်ကွယ် က သေချာ စနစ်တကျ ကြိုးဆွဲ စီမံထားတဲ့ ကစား ကွက်တခုပဲ။
တော်လှန်ရေးနယ်မြေတွေမှာ ကောင်းကင်က ကျလာတဲ့ ဗုံးသီးတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ မီးလောင် ပြင်ထဲ စိစိညက်ညက်ကြေ ခံစားနေကြရတဲ့ အသံ၊ မိ ဘမဲ့သွားတဲ့ ကလေးတွေရဲ့ မချိမဆံ့ ငိုယိုသံတွေကို မကြားရအောင်၊ တော်လှန်ရေး အရှိန်အဟုန်တွေ လျော့ ပါးသွားအောင် “ငွေကြေး” နဲ့ “ပွဲလမ်းသဘင်” ကို ဒိုင်းလုပ်ပြီး အသံဖျောက်နေကြတာ။
ဆိုးတာက လူအများစု လက်ထဲမှာ စမတ်ဖုန်းတလုံးစီနဲ့ မြေပြင်သတင်းတွေကို မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရပါလျက်နဲ့ အဲဒီ “မီးရောင်စုံ မျက်လှည့်” ထဲမှာ သာယာချင်ယောင် ဆောင်နေကြတာပဲ။
ဒါကို”မသိတာ” မဟုတ်ဘူး၊ “မသိချင်ယောင်ဆောင် တာ” ဖြစ်တယ်။ ကိုယ့်ညီအစ်ကို မောင်နှမတွေ ခေါင်းပေါ် ဗုံးကျနေချိန် ကိုယ်က ဇာတ်ခုံအောက်မှာ ရယ်မောနေနိုင်တာဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ ကြောက်စရာကောင်းအောင် ကျဆင်းသွားတယ် ဆိုတာကို ပြသနေတာပါပဲ။
သမိုင်းဆိုတာ ဘယ်တော့မှ ညာလို့ မရဘူး။
၁၈၇၉ က နန်းတွင်းထဲ ဆိုင်းသံတွေနဲ့ ပြုလုပ်ခဲ့တဲ့ ကွပ်မျက်မှုရဲ့နောက်ဆက်တွဲဟာ ၆ နှစ်အကြာမှာ တတိုင်းပြည်လုံး သူ့ကျွန်ဖြစ်ခဲ့တာပါပဲ။
သွေးနဲ့ မျက်ရည်ပေါ်မှာ တည်ဆောက်ထားတဲ့ ပျော်ရွှင်မှုဟာ ဘယ်တော့မှ မြဲမြံတဲ့ သာယာဝပြောမှု မဖြစ်နိုင်ပါဘူး။
မတရားမှုဟာ တနေ့မှာ မိမိတို့ ခေါင်းပေါ် ရောက်မလာဘူးလို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူးဆိုတာကိုတော့ သိစေချင်တယ်။
မူရင်းပို့စ်တင်သူ Ko Phyo အား လေးစားစွာ Credit ပေးပါသည်။



Leave a Reply