TDYM Mm News 3

သီတာယုမွန် မကြာတော့ဘူး

မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန် ဖွင့်လှစ်လိုက်သော ကေတီဗီဆိုင်ကို တိုက်ခိုက်သွားမည်

မန္တလေးတိုင်း၊မြင်းခြံမြို့တွင် ပျူစောထီးခေါင်းဆောင် သီတာယုမွန် ဖွင့်လှစ်သော Galaxy ကေတီဗီဆိုင်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာ မျက်နှာ က သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၆ရက်ညတွင် မြင်းခြံမြို့၊၁၉ရပ်ကွက်၊မြင်းခြံ-ညောင်ဦးလမ်းဆုံရှိ စွန်းလွန်းပန်းခြံနေရာ၌ သီတာယုမွန် ဌားရမ်းဖွင့်လှစ်လိုက်သော Galaxy စားသောက်ဆိုင်နှင့်ကေတီဗီဆိုင် ဖွင့်ပွဲ ပြုလုပ်ခဲ့ ကြောင်းနှင့် ယင်းဆိုင်ကို တော်လှန်ရေးအင်အားစုတို့က အချိန်မရွေး တိုက်ခိုက်သွား မည်ဖြစ်သော ကြောင့် ပြည်သူများ ကင်းကင်းနေကြရန် လိုကြောင်း သတိပေးထားသည်။

TDYM Mm News 4

“သီတာယုမွန် လာရာလမ်းကြောင်းကလည်း ဗရမ်းဗတာကြီးဆိုတော့ ဒီမိန်းမဖွင့်တဲ့ ကေတီဗီဆိုင် ဆိုတာလည်း ဖြစ်ချင်တိုင်း ဖြစ်နေမှာပဲ”ဟု မြင်းခြံမြို့သတင်းရင်းမြစ်က ပြောသည်။

ယင်းဆိုင်ဖွင့်သို့ မြင်းခြံမြို့ပေါ်ရှိ လုပ်ငန်းရှင်အချို့နှင့် အိမ်ခြံမြေပွဲစားတို့က သီတာယုမွန် မျက်နှာ သာပေးခံရရေးအတွက် တက်ရောက်ခဲ့ကြပြီး တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တို့ကို မှတ်သား ထားကြောင်းလည်း ထုတ်ပြန်သည်။

TDYM Mm News 2

“ဆိုင်က မြင်းခြံတောင်ဖျား နေရာ။၁၉ရပ်ကွက်ဆိုတာ ဒီမိန်းမ အခြေစိုက်တဲ့နေရာလည်း ဖြစ်တယ်။ မြင်းခြံမှာ ခြံတွေဘာတွေရောင်းရင် သီတာယုမွန်ကို ပါဆင်းနိမ့် (ရာခိုင် နှုန်း)ပေးနေရတယ်။ လုပ် ငန်းရှင်တွေက မျက်နှာလိုမျက်နှာရ သွားတက်ကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဆိုင်ဖွင့်ပွဲ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်များ အထူးသဖြင့် အိမ်ခြံမြေပွဲစားများကို တော်လှန်ရေး အင်အားစုတို့က အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *