📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထိုင်း နွန်ထဘူရီ ဖြစ်စဉ် အိမ်မှာ အဘိုးနဲ့အဘွားကိုပါ P-စ်T-တ်ထားခဲ့တာ

နွန်ထဘူရီ ဖြစ်စဉ်တွင် သေနတ်သမားက အဘိုး နှင့်အဘွားကိုပါ အိမ်မှာ ပစ်သတ်ထားခဲ့

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ Debsirin ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၂၀ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကို ကျူးလွန်သူမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းသို့မလာရောက်မီ ၎င်း၏ နေအိမ်တွင် အဘိုးနှင့် အဘွားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကူရတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပြောကြားချက်အရ အတည်ပြုနိုင်ခဲ့သည်။

တာဝန်ရှိသူများက အဆိုပါ ကျောင်းသား၏ နေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုရာတွင် ၎င်း၏ အဖိုးနှင့် အဖွားတို့၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်းနှင့်

ကျောင်းသားအသုံးပြုခဲ့သည့် သေနတ်မှာ အဖိုးဖြစ်သူ၏ သေနတ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားသည် ကျောင်းအတွင်းရှိ ဆရာ၊ ဆရာမများကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး

ဖြစ်စဉ်အပြီးတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ထိုင်းရဲတပ်ဖွဲ့က သေနတ်သမား ပုန်းအောင်းနေသည့် ကျောင်းဆောင် အဆောက်အအုံကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ကာ ကျောင်းဝင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

နွန်ထဘူရီခရိုင် အုပ်ချုပ်ရေးမှူး Chettha Mosikarat က အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင် သွားရောက်စစ်ဆေးကာ ဆရာ၊ဆရာမ ငါးဦးသေဆုံးကြောင်းအတည်ပြုခဲ့ပြီး

သေနတ်ဖြင့်ပစ်ခတ်ခဲ့သူကျောင်းသားလည်း သေဆုံးသွားကြောင်း နှင့်

ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးအနက် ဆယ်ဦးမှာလည်း စိုရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ကလည်း ယခုဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ် ပြုစုစောင့်ရှောက်ပေးရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။

Photo-Phra NaKhon News

Ref – Thai PBS

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်