ကန်ချနဘူရီရှိ ကလေးထိန်းကျောင်းအတွင်းသို့ အိမ်စီးကားတစ်စီး ဝင်တိုက်သည့် ရုပ်သံ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းရှိ နေ့ကလေးထိန်းကျောင်းတစ်ခုအတွင်းသို့ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် ခရီးသည်တင်ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထိရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်သည် ကလေးထိန်းမူကြိုကျောင်းအတွင်းသို့ အရှိန်လွန် ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး

ကယ်ဆယ်ရေး ဝန်ထမ်းများ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှ ဒဏ်ရာရရှိသူများကို အလျင်အမြန် လာရောက်ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။

ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ပြီးနောက် တာဝန်ရှိသူများက ဒဏ်ရာရရှိထားသူများကိုစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။


Leave a Reply