ဆည်တော်ကြီးပတ်ဝန်းကျင် ပြောင်းပြေးနေရပြီ

ဆည်တော်ကြီးဆည်ရေ တံငါလမ်းပိုင်းနှင့် အချို့ကျေးရွာများသို့ ရေဝင်ရောက်၊ ‌ဒေသခံများနေရာ ရွှေ့ပြောင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်ရေပိုလွှဲမှဆည်ရေ တံငါတံတားအနီး ကားလမ်းပေါ် ရောက်လာပြီး အချို့ကျေးရွာထဲရေဝင်ရောက်မှုကြောင့် ဒေသခံများပြောင်းရွေ့ နေရကြောင်း

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်ရုံး) က ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။

ဆည်တော်ကြီးဆည်ရေပိုလွှဲတံခါးများမှ ရေလွှဲချပြီး သုံးရက်အကြာတွင် ယခုတံငါတံတားနားနှင့် ပတ်ဝန်းကျင်ရွာများသို့ ရေဝင်ရောက်လာခြင်း ဖြစ်သည်။

တံငါတံတားကားလမ်းမကြီးပေါ် ရေကျော်နေမှု နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်နိုင်ခြင်းတို့အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဆည်ရေမြင့်တက်မှု‌ကြောင့် ပိတ်ဆို့နေသူများကိုရှာဖွေရန် ကယ်ဆယ်ရေးသုံး လှေလေးစီး နှင့် ရေပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်ကလည်း ဆည်တော်ကြီးဆည်ရေပြည့်မှတ်နီးလာ၍ ရေပိုလွှဲမှ ရေတံခါး ဖွင့်ထားသဖြင့် ဆည်မြောင်းလက်တံ၊ ချောင်းဘောင်များမှ ရေများကျော်လွန်လာချိန်တွင်

ပုဂံစု၊ ရေချောင်း၊ သပြေချောင်နှင့် အင်းသကားကျေးရွာများမှ ပြည်သူများအမြန်ဆုံး ရွေ့ပြောင်းရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *