မြစ်ကြီးနား-မန္တလေး ကွင်းလမ်းတွင် မှန်လုံကားကြီးများကို ဆင်များဖြင့် မနိုင်မနင်း ဆွဲထုတ်နေရ
ခရီးသွားလာမှု ခေတ္တဆိုင်းငံ့ရန် မေတ္တာရပ်ခံ
မြစ်ကြီးနား-မန္တလေး ကွင်းလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းကြောင်းတစ်လျှောက် ဗွက်နွံများ ထနေပြီး

ခရီးသည်တင် မှန်လုံကားကြီးများ ပိတ်မိကျွံဝင်မှုများ ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ ဗွက်နွံအတွင်း ကျွံဝင်နေသော ခရီးသည်တင် မော်တော်ယာဉ်ကြီးများကို ပြန်လည်ဆွဲထုတ်နိုင်ရန်အတွက် ဆင်ငယ်များဖြင့် မနိုင်မနင်း အတင်းရုန်းကန် ဆွဲထုတ်နေရသည့်အထိ အခြေအနေ ဆိုးရွားလျက်ရှိသည်ဟု ဆိုသည်။

သို့ဖြစ်ပါ၍ ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်းများအနေဖြင့် မဖြစ်မနေ အရေးကြီးသည့် ခရီးစဉ်များမဟုတ်ပါက လမ်းကြောင်းများ ပြန်လည်ကောင်းမွန်လာသည့်အထိ ခရီးသွားလာမှုများကို ခေတ္တဆိုင်းငံ့ထားကြရန် ဒေသခံများက အထူးမေတ္တာရပ်ခံ နှိုးဆော်ထားကြသည်။
ရုပ်သံ-မိုးညှင်းခရိုင်လမ်းညွှန်


Leave a Reply